31 C
Yangon

ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်မှု စစ်သားအလောင်း ၃၀ ခုတွေ့ရှိရပြီး စစ်သုံ့ပန်း ၆ ဦးနှင့်မိသားစုဝင် ၇ ဦး ဖမ်းမိ၊ လက်နက်မျိုးစုံ ၈၃ လုံး၊ ဂျန်မာစက် ၃ လုံးနှင့်ခဲယမ်းများ ရရှိ

Must read

ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်မှု စစ်သားအလောင်း ၃၀ ခုတွေ့ရှိရပြီး စစ်သုံ့ပန်း ၆ ဦးနှင့်မိသားစုဝင် ၇ ဦး ဖမ်းမိ၊ လက်နက်မျိုးစုံ ၈၃ လုံး၊ ဂျန်မာစက် ၃ လုံးနှင့်ခဲယမ်းများ ရရှိ

ရန်ကုန်၊ မေ ၁၁

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်သားအလောင်း ၃၀ တွေ့ရှိရပြီး စစ်သုံ့ပန်း ၆ ဦးနှင့်မိသားစုဝင် ၇ ဦး ဖမ်းမိကာ လက်နက်မျိုးစုံ ၈၃ လုံးနှင့် ဂျန်မာစက် ၃ လုံးနှင့်ခဲယမ်းများ ရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မေလ ၈ ရက်နေ့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊အဆိုပါတိုက်ပွဲတွင် စစ်သားရုပ်အလောင်း ၃၀ ဦး တွေ့ရှိရပြီး စစ်သုံ့ပန်း ၆ ဦး နှင့် မိသားစုဝင် ၇ ဦးဖမ်းဆီးထိန်းသိမ်းရမိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ရင်းမှူး အပါအဝင် အရာရှိများနှင့် တပ်သား ၅၀ ဦးခန့် စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

လက်နက်သိမ်းဆည်းရရှိမှုအနေဖြင့် ပွိုင့်5 စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁မမ၊ ၆၀မမ လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ ၈၃ လက် ၊ဂျန်မာစက် ၃ လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေးတွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်း အမှတ် ၁ စစ်ဆင်ရေးနယ်မြေ နှင့် အမှတ် ၂ စစ်ဆင်ရေးနယ်မြေတို့၏အစီအစဉ်၊ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၃ ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF(အထူးလှုပ်ရှားဗျူဟာ)၊ အမှတ် ၁ စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ ၂၇ မှ နဂါးဖြူတပ်ရင်း၊ တောင်ညိုတပ်ရင်း၊ ၇၈၀၅ တပ်ရင်း၊ ၇၈၀၁ တပ် ရင်း၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Cloud wings ဒရုန်း အထူးတပ်ဖွဲ့၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ မွန်ပကဖ တိုက်ခိုက်ရေးအဖွဲ့များ ၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ဗျူဟာ ၂၀ မှ ၃၇၀၄ တပ်ရင်း၊ ၅၁၀၁ တပ်ရင်း၊ ရန်ကုန်ဗျူဟာစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ LDF တပ်ဖွဲ့များဖြစ်သော KRF၊ UDF ရော့ကက်နှင့်ဒရုန်းတပ်ဖွဲ့များ ပူးပေါင်း​ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ကရင်အမျိုးသား အစည်း အရုံး (KNU) တပ်မဟာ ၃ မှ တပ်ရင်း ၇ နှင့် ဒရုန်းအဖွဲ့များ လက်တွဲတိုက်ပွဲဝင်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article