30 C
Yangon

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ရန်ကာကွယ်နိုင်ရေး မြိုင်မြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ စာသင်ကျောင်းများ ယာယီပိတ်သိမ်းကြောင်း ကြေညာ

Must read

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ရန်ကာကွယ်နိုင်ရေး မြိုင်မြို့နယ်နှင့် ရေစကြိုမြို့နယ်ရှိ စာသင်ကျောင်းများ ယာယီပိတ်သိမ်းကြောင်း ကြေညာ

ရန်ကုန်၊ မေ ၁၃

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုရန်မှ ကာကွယ်နိုင်ရန် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ စာသင် ကျောင်း များအားလုံးကို ယာယီပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မြိုင်မြို့နယ် ပညာရေးဘုတ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ုခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၁၃ ရက်နေ့မှစ၍ မြိုင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမ များအားလုံး စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုမှ ယာယီရှောင်ရှားနိုင်ရန် အတွက် မြိုင်မြို့နယ် ပညာရေးဘုတ်အဖွဲ့၏ မြေပြင်ကျောင်းများအားလုံးကို ယာယီပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“လေကြောင်းအန္တရာယ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ရှောင်ရှားနိုင်ဖို့ ပိတ်လိုက်တာပါ။ ဒီနေ့ ကပြီးပိတ်လိုက်ပါပြီ။ ဘယ်နေ့ပြန်ဖွင့်မယ်ကတော့ မရှိသေးပါဘူး။ ပြည်သူတွေအနေနဲ့ အသက်ထက် အရေးကြီးတာ မရှိဘူးမို့ ရာနှုန်း ပြည့်မဟုတ်သော်လည်း ရာနှုန်းများစွာ အန္တရာကင်းဖို့အတွက် အသက်ကို ဉာဏ်စောင့်ဆိုသလို လုံခြုံရေးကို အထူးဂရုစိုက်ကြဖို့၊ လူစုလူဝေးတွေ မလုပ်ကြဖို့၊ ဗုံးခို ကျင်း၊ ကတုတ်ကျင်းတွေ တူးထားကြဖို့ အကြုံပြုတိုက်တွန်းချင်ပါတယ်” ဟု မြိုင်မြို့နယ် ပညာရေး ဘုတ် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ုခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၂ ရက် နံနက် ၉ နာရီ ၃၅ မိနစ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်း ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာမ ၂ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး ပွဲချင်းပြီးသေဆုံးပြီး ၅၀ ဦး ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ ဆရာ၊ဆရာမများနှင့် ကျောင်း သားကျောင်းသူများစွာ အသက်ဆုံးရှုံးရသော သတင်းကို ဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါ ကြောင်း မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု အန္တရာယ်ကို ယာယီရှောင်ရှားကာကွယ်နိုင်ရန်အတွက်၊ ရေစကြိုမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြု မြေပြင်ကျောင်းများ အားလုံး ယာယီပိတ်သိမ်းလိုက်ကြောင်း၊ စာသင်ကြားရာနေရာအားလုံး လေကြောင်းရန်ကာကွယ်ရေး အစီအစဉ်များ ပြည့်စုံမှုရှိမရှိ၊ လေကြောင်းရန်နှင့် လက်နက်ကြီးရန် ကာကွယ်ရေးအလေ့အကျင့်၊အလေ့ အထ များ ကောင်းစွာ လေ့ကျင့်နိုင်ခဲ့ခြင်းရှိ၊ မရှိစိစစ်ပြီး ဘေးကင်းလုံခြုံစိတ်ချရ သော သင်ယူမှုဝန်းကျင်ရှိသည့်ကျောင်းများ ကိုသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း ရေစကြိုမြို့နယ် ပညာရေးဘုတ်အဖွဲ့က တရားဝင် ကြေ ညာချက် ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article