31.3 C
Yangon

ငါန်းဇွန်တွင် လူငယ်များကို အတင်းအကျပ် စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေသော ရွှေတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ထွန်းဦး ပစ်ခတ်ခံရပြီးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၄

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ရွှေတောင်ကျေးရွာနေ စစ်ကောင်စီ ဒေါက်တိုင်အုပ်ချုပ်ရေးမှူး ထွန်းဦး ကို ပစ်ခတ်ဖမ်းဆီးခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်း ခြံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၂ ရက် ညနေ ၅ နာရီ ၃၀ မိနစ်က စစ်ကောင်စီနှင့်ပူးပေါင်းကာ ပြည်သူလူထုကို အနိုင်ကျင့်ဗိုလ်ကျနေသော ငါန်းဇွန်မြို့နယ်၊ ရွှေတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဦးကို မြင်း ခြံတိုက်နယ် ၃ နဂါးနီပြောက် ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များက ဝင်ရောက် ဖမ်းဆီး ခဲ့ကြောင်း၊ ထို့သို့ ဖမ်းဆီးချိန် ရဲဘော်များအားပြန်လည်ခုခံပြီး ထွက်ပြေးရန်ကြိုးစား‌သဖြင့် ပစ်ခတ် ဖမ်းဆီးရာ နေရာမှာပင်သေဆုံးသွားကြောင်း သိရသည်။

“သူက ပြန်ပြီးတော့ ခုခံဖို့ သူပါတဲ့ လက်ပစ်ဗုံးစနစ်တံဖြုတ်ဖို့ ကြိုးစားနေတဲ့အတွက် ပစ်ခတ်ခဲ့ရတာ၊ အဲလိုမဟုတ်ရင်တော့ အရှင်ဖမ်းဖို့ပေါ့၊ သူ့ကို ဖမ်းဖို့ ကျနော်တို့ အရင်နေ့တွေကတည်းကချောင်း တယ်၊ ချောင်းတော့ အိမ်ကို ပြန်မလာတော့ဘူး။ ကျနော်တို့ ပြန်ထွက်တဲ့အချိန်မှ သူက ပြန်ဝင်တာ၊ အခုက သူပြန်ဝင်တဲ့အချိန်ချောင်းနေတာ၊ အခုက အိမ်မှာမဟုတ်ဘူး။ လမ်းမှာတင်တွေ့တာ၊ သူလာ တာမြင်တော့ ဆိုင်ကယ်ရပ်ခိုင်းတာ၊ သူကမရပ်ဘူး။ အသီးကို ထုတ်ပြီးတော့ ကျနော်တို့ကို ခုခံဖို့ ကြိုးစားတာနဲ့ ပစ်ခတ်ဖမ်းဆီးလိုက်ရတာ။” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်း ခြံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသွားသော အသက် ၅၄ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ထွန်းဦးထံမှ လက်ပစ်ဗုံး ၂ လုံးနှင့် နိုင်ငံ သား စိစစ်ရေးကဒ်ပြား ၁ ခုတို့ကို သိမ်းဆည်းရရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ အနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းကာ လူငယ်များကို မတရား စစ် မှုထမ်းစေခိုင်းရန် လုပ်ဆောင်ခြင်း၊ ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းစသည့် ပြည်သူလူထုအပေါ် မတရား သဖြင့် အနိုင်ကျင့် ဗိုလ်ကျနေသူ အုပ်ချုပ်ရေးမှူး၊ ပျူစောထီး၊ စစ်သား၊ ရဲများအားလုံးကို ဆက်လက် ၍ ရှင်းလင်းသုတ်သင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article