29.8 C
Yangon

ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ ခမရ ၂၄ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ မေ ၁၄

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ရရှိကြောင်း KNU သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိရသည်။

မေလ ၁၀ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ ခမရ ၂၄ တပ်ရင်း၏ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ကလည်း စခန်းမကျစေရေးအတွက် တိုက်လေယာဉ်ဖြင့် တစ်လျှောက်လုံး ခုခံခဲ့ကြောင်း၊ မေလ ၁၃ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ဝန်းကျင်အချိန်တွင် အဆိုပါစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စခန်းကတော့ ရသွားပါပြီ။ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေ တော့မသိရသေးပါဘူး။ ထွက်ပြေးသွားတဲ့လူတွေလည်းရှိပါတယ်။ ဒီစခန်းက အရေးပါတဲ့ ဗျူဟာ စစ်စခန်းကြီး ဖြစ်ပါတယ်” ဟု KNU သတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၉ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ တခေါ်ဘီခွီးစခန်းကို KNLA PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မေလ ၁၃ ရက်နေ့တွင် တာလယ် ဗျူဟာစစ်စခန်းကြီးကို ထပ်မံသိမ်းပိုက်လိုက်ခြင်း ဖြစ်ရာ ရက်ပိုင်းအတွင်း စစ်တပ်စခန်းများကို KNLA တပ်မဟာ ၇ တပ်များက ဆက်တိုက်သိမ်းပိုက်နေခြင်းလည်း ဖြစ်သည်။

KNU က ထိုင်းမြန်မာနယ်စပ်၊ KNU တပ်မဟာ၇ နယ်မြေအပိုင် အတွင်းရှိ စစ်ကောင်စီစခန်းများအားလုံးကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေရာ မြဝတီမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ မော်ဖိုးကေစခန်း၊ကျော်ကေထစခန်း၊ နော်တရာစခန်း၊ဝမ်ခါသစ်စခန်း များတွင်လည်း တိုက်ပွဲများ ကူးစက်လာနိုင်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article