27.4 C
Yangon

ရန်ကုန်မြို့လယ်ခေါင်တွင် စစ်ကောင်စီ၏ လုပ်ရပ်ကို ကမ္ဘာနှင့်အဝန်း သိရှိနိုးကြားစေရန် ရည်ရွယ်၍ သွေးစွန်းကျောင်းလွယ်အိတ်၊ဖတ်စာအုပ်များနှင့် သရုပ်ဖာ်

Must read

ရန်ကုန်မြို့လယ်ခေါင်တွင် စစ်ကောင်စီ၏ လုပ်ရပ်ကို ကမ္ဘာနှင့်အဝန်း သိရှိနိုးကြားစေရန် ရည်ရွယ်၍ သွေးစွန်းကျောင်းလွယ်အိတ်၊ဖတ်စာအုပ်များနှင့် သရုပ်ဖာ်

ရန်ကုန်၊ မေ ၁၅

ရန်ကုန်မြို့လယ်ခေါင်တွင် အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသော ကလေးသူငယ်များအားလုံး ၊ အနာဂတ်ခရီးကို ဆုံးအောင်မလျှောက်နိုင်ခဲ့သော ကလေးသူငယ်များ အားလုံးကို ရည်ရွယ်၍ Yangon Revolution force က သွေးစွန်းကျောင်းလွယ်အိတ်၊ဖတ်စာအုပ်များနှင့် သရုပ်ဖော်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လှုပ်ရှားမှုသည် အကြမ်းဖက် စစ်ကောင်စီ၏ လူမဆန်သော လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်နိုင်ရန်နှင့် ကလေးသူငယ်များ၏ စာသင်ကျောင်းအား လေကြောင်းပစ်မှတ်ထားကာ အကြိမ်ကြိမ် တိုက်ခိုက်မှု ပြုလုပ်လျက်ရှိနေခြင်းကို ကမ္ဘာနှင့်အဝန်း သိရှိနိုးကြားစေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် မေလ ၁၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်း မြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာရှိ စာသင်ကျောင်းကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် ပညာသင်ကြားနေသူ ကလေးငယ် ၂၀ ဦးနှင့် ဆရာမ ၂ ဦး အသက်ဆုံးရှုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article