စစ်ကောင်စီက ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာခုံရုံးများနှင့် တောင်ကိုရီးယာ နိုင်ငံတွင် တရားစွဲဆိုနိုင်ရေး တွေ့ဆုံ ဆွေးနွေး
အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာခုံရုံးများနှင့် တောင်ကိုရီးယာနိုင်ငံတွင် တရားစွဲဆိုနိုင်ရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
မေလ ၁၄ ရက်နေ့တွင် တောင်ကိုရီးယားသမ္မတနိုင်ငံ၌ NUG အစိုးရ ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင် မျိုးမင်းနှင့် Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee တို့ တွေ့ဆုံခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်နေမှုများကို နိုင်ငံတကာ ခုံရုံးများနှင့် တောင်ကိုးရီးယားသမ္မတနိုင်ငံတွင် တရားစွဲဆို အရေးယူနိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း၊ တောင်ကိုးရီးယားနိုင်ငံ ရှေ့နေများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


