25.6 C
Yangon

ရေဖြူမြို့နယ် ကံပေါက်အခြေစိုက် အမှတ် ၂၇၃ ခြေလျင်တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းဆင်း တပ်သားသစ် ၂ ဦး သေနတ် ၁ လက်၊ ခဲယမ်းကျည်များနှင့်အတူ အလင်းဝင်

Must read

ရေဖြူမြို့နယ် ကံပေါက်အခြေစိုက် အမှတ် ၂၇၃ ခြေလျင်တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းဆင်း တပ်သားသစ် ၂ ဦး သေနတ် ၁ လက်၊ ခဲယမ်းကျည်များနှင့်အတူ အလင်းဝင်

🟥 အလင်းဝင် တပ်သားသစ် ရန်ရှင်းမှာ ထိုင်းတွင် အဖမ်းခံရပြီး ပြန်ပို့ခံရစဉ် စစ်ထဲအပို့ခံရပြီး တပ်သားသစ် သူရဝင်းမှာ ပဲခူးတွင် ပေါ်တာဆွဲခံရပြီး စစ်ထဲရောက်လာသူဖြစ်

ရန်ကုန်၊ မေ ၁၇

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကံပေါက်အခြေစိုက် အမှတ် ၂၇၃ ၊ခြေလျင်တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၈ က စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေ နတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ခဲ့ကြောင်း Launglone Peninsula Force – L P F မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Leo က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၄ ရက်နေ့ ရေဖြူမြို့နယ် ကံပေါက်အခြေစိုက် အမှတ် ၂၇၃ ၊ခြေလျင်တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းဆင်း တပ်သားသစ် ရန်ရှင်းနှင့် သူရဝင်းတို့ ၂ ဦးက သေနတ် ၁ လက်ယူဆောင်လာပြီး ဒေါနတပ်ရင်း၊ချေမှုန်းရေးတပ်ခွဲ ၇ LPF ထံသို့ လက်နက်ချအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရသည်။

ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် ရန်ရှင်း နှင့် သူရဝင်းတို့ က MA-1 ၁ လက်၊ကျည်ဘောက် ၂ ဘောက်၊ ကျည် ၂၀၀ တောင့်တို့ကို ယူဆောင်လာခဲ့ကြောင်း၊ အလင်းဝင်ရောက်လာသူ စစ်မှုထမ်း တပ်သားသစ်၂ ဦးကို ဂုဏ်ပြုဆုငွေများချီးမြင့်ထားကြောင်းသိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူ ၂ ဦးက စစ်မှုထမ်းတပ်သားသစ်တွေပါ။ တစ်ယောက်က ရေဖြူမြို့နယ်၊ကံပေါက်ကပါ။ တစ်ယောက်က မြိတ်ကပါ။ အလင်းဝင်ရောက်လာတဲ့ သူ ၂ ဦးက အပတ်စဥ် ၈ ကပါ။ ၂ ဦးစလုံး ပေါ်တာဆွဲအဖမ်းခံရပြီးတော့ စစ်ထဲ အထည့်ခံရတာ။ ရန်ရှင်းဆိုတာက တစ်ယောက်က ထိုင်းကပြန်ပို့တာပါ။ တစ်ယောက်က ပဲခူးမှာ စစ်မှုထမ်းအဖြစ် အဖမ်းခံရတာ။ စစ်မှုထမ်းသင်တန်းကို မြိတ်မှာတက်ရတယ်ပြောတယ်။ ဘယ်လိုပုံစံချိတ်ဆက်ဝင်ရောလာတာလဲဆိုတော့ အရှေ့တောမှာတိုက်ပွဲဖြစ်တော့ထွက်ပြေးလာတာပါ။ အလင်းဝင်လာတဲ့သူ ၂ ဦးကို သေနတ်ပါလာတဲ့သူကို ဂုဏ်ပြုဆုငွေ သိန်း ၄၀ ချီးမြှင့်ပါတယ်။ သေနတ်မပါလာတဲ့သူကို ဂုဏ်ပြုဆုငွေ ၁၀သိန်း ချီးမြှင့်ထားပါတယ်။ စခန်းမှာထိန်းသိမ်းထားပါတယ်။ လွတ်မြောက်နယ်မြေသွားချင်တယ်ပြောလို့ သေချာ စီစဥ်ပေးနေပါတယ်။ အလင်းဝင်ချင်တဲ့သူတွေကိုအမြဲကြိုဆိုနေကြောင်းပါတယ်”ဟု Launglone Peninsula Force – L P F မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Leo ကပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article