30.3 C
Yangon

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း “Vote ILO Article 33 to Save Lives “ စာတန်းကိုင်ဆောင်ကာ လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်

Must read

ရန်ကုန်၊ မေ ၁၉

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ဖားကန့်မှော်လှည့်သပိတ်က ဦးဆောင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ILO ပုဒ်မ ၃၃ အရ အရေးယူနိုင်ရေး နိုင်ငံတကာက ထောက်ခံမဲပေးကြရန် တောင်းဆိုသည့် အနေနှင့် မေလ ၁၉ရက်နေ့ နံနက်ပိုင်းတွင် “Vote ILO Article 33 to Save Lives “ စာတန်းကိုင်ဆောင်ကာ လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ဆွစ်ဇလန် နိုင်ငံ ဂျနီဗာမြို့ ILO ရုံးချုပ်တွင် ဇွန်လ ၂ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပမည့် ILO ညီလာခံတွင် မြန်မာနိုင်ငံရှိ ပြည်သူများကို လေယာဉ်ဖြင့် နေ့စဉ် ဗုံးကြဲတိုက််ခိုက်ခြင်းများ ရပ်တန့်ရန်၊ စစ်ကောင်စီကို လူသတ်လက်နက် မဝယ်နိုင်ရန်၊ ငွေကြေးစီးဆင်းမှုများ ဖြတ်တောက်ရန်၊ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရန်၊ အဓမ္မစစ်မှုခိုင်းစေခြင်းဆိုင်ရာကိစ္စရပ်များကို ရပ်တန့်ရန်၊ ကလေးစစ်သားအသုံးပြုမှုကို ရပ်တန့်ရန်၊ အပြစ်မဲ့ပြည်သူများ၏ ဘဝ၊ ကလေးငယ်များ၊ အမျိုးသမီးများ၏ အသက်များစွာ နေ့စဉ် ရက်စက်စွာ သတ်ဖြတ်မှုများကို ရပ်တန့်နိုင်ရန် အတွက် ရည်ရွယ်၍ ILO Delegate (ကိုယ်စားလှယ်များ)က အကြမ်းဖက်စစ်ကောင်စီကို Aritical 33 ဖြင့် အရေးယူမှုကို ထောက်ခံမဲပေးကြရန်လည်း နိုင်ငံတကာ ကိုယ်စားလှယ်များကို ဖားကန့်ပြည်သူများက တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article