အရာတော်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ၅/အရတ အရာတော်လူထုသပိတ်က ဦးဆောင်၍ လေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဟောပြောပွဲတွင် လက်နက်ကြီး၊ လေကြောင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ဗုံးခိုးကျင်းတူးနည်းများ၊ အရေးပေါ် နေထိုင်နည်းများကို သရုပ်ဖော် မျှဝေခဲ့ပြီး ဗုံခိုးကျင်းတူးနည်း၊လေကြောင်း/လက်နက်ကြီး အန္တရာယ်ကြိုတင်ကာကွယ်နည်း၊ padamotor(စက်တပ်လေထီး) နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ ပါဝင်သော လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။



