27 C
Yangon

စစ်ကိုင်းမြို့ တပ်မ ၃၃ မှ တပ်ကြပ် တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး စစ်တပ်ကို ပြန်လည် တိုက်ခိုက်နေ

Must read

ရန်ကုန်၊ မေ ၂၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး အကြမ်းဖက် စစ်တပ်ကို ပြန်လည်တိုက်ခိုက်နေကြောင်း မန္တလေးခရိုင်အမှတ် ၅ တပ် ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် စစ်ကိုင်းမြို့အခြေစိုက်၊ တပ်မ ၃၃ လက်အောက်ခံ ၊ အမှတ် ၁၃ ခြေမြန်တပ်ရင်းမှ တပ်ကြပ်တစ်ဦးသည် မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းသို့ ဆက်သွယ်ကာ MA3 အမျိုးအစား သေနတ် ၁ လက်၊ ၅.၅၆ ကျည် ၁၀၀ တောင့်၊ ကျည်ဘောက် ၄ ခု၊ အီကွေးမန့် ၁ စုံ တို့ဖြင့် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာပြီး မန္တလေးခရိုင်အမှတ် ၅ တပ်ရင်း မှ ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ရာ ဂုဏ်ပြုချီးမြှင့်ငွေအားလုံးကို လက်ခံခြင်းမရှိဘဲ လိုအပ်သည်ကိုသာ ယူဆောင်ပြီး ကျန်ငွေများအားလုံးကို တပ်ရင်း ရန်ပုံငွေအဖြစ် ပြန်လည်လှူဒါန်းကာ တပ်ရင်းမှ ရဲဘော် များနှင့်အတူ ရှေ့တန်းတိုက်ပွဲများတွင် ရွတ်ရွတ်ချွံချွံ တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

“နယ်မြေလုံခြုံရေးအရ အခုမှ ထုတ်ပြန်လိုက်တာပါ။ ဘယ်နေရာမှာရောက်နေတယ်။ အလင်းဝင်ချင် ပါတယ်ဆိုပြီး ထောက်ပို့တပ်သား မရွှေဂျူးဆီဆက်သွယ်လာလို့ ကျနော်တို့တပ်ရင်းက ရဲဘော်တွေ ခက်ခက်ခဲခဲသွားပြီးခေါ်ထုတ်လာခဲ့ကြတာ သူ့ကို ဘာလုပ်ချင်လဲမေးတော့ ကျနော်တို့တပ်ရင်းက ရဲ ဘော်တွေနဲ့အတူတူ စကစကို ပြန်တိုက်မယ်ဆိုလို့ တောင်းဆိုလို့ ခွင့်ပြုပေးလိုက်တာပါ၊ လက်ရှိ ရှေ့ တန်းတာဝန်တွေတွေကို ရွတ်ရွတ်ချွံချွံထမ်းဆောင်လျက်ရှိပါတယ်” ဟု မန္တလေးခရိုင် အမှတ် ၅ တပ် ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်မှ ရုန်းထွက်၍ ပြည်သူ့လူထုဘက်ရပ်တည်ကာ ခိုင်မာသော ဆုံးဖြတ်ချက်၊ ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် တော်လှန်ရေးတာဝန်ထမ်းဆောင်နေသော တပ်ကြပ်ကို လေးစား ဂုဏ်ယူပါကြောင်း၊ စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းနေကြသော စစ်သား၊ ရဲ၊ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူများအနေဖြင့် မည်သည့်နေရာ၌ ရောက်ရှိနေပါစေ တော်လှန်ရေးတပ်ဖွဲ့များ ထံချိတ်ဆက်၍ ပူးပေါင်းကာ အလင်းဝင်ရောက်ကြရန် မန္တလေးခရိုင်အမှတ် ၅ တပ်ရင်းက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article