26 C
Yangon

ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး ယမန်နေ့ တစ်ညလုံး တိုက်ပွဲ ပြင်းထန်

Must read

ရန်ကုန်၊ မေ ၂၃

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး တစ်ညလုံး တိုက်ပွဲများ ပြင်းထန်နေခဲ့ကြောင်း နယ်စပ်စစ်ရေးသတင်းရင်းမြစ်များနှင့် ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

မေလ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန် ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့တောင်ဘက် ဝေါလဒေသအတွင်းရှိ အကြမ်း ဖက် စစ်တပ်၏ မော်ခီးစခန်းကိုလည်းကောင်း၊ မေလ ၂၂ ရက်နေ့တွင် စစ်ကောင်စီ၏ ဝေါ်လေ၊ ကနဲလေး၊ ဘလက်ဒိုနှင့်သေဘောဘိုး တို့ကိုလည်းကောင်း KNLA ဦးဆောင်သော ပူးပေါင်း မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက် နေကြောင်း၊ မေလ ၂၂ ရက်နေ့ ညပိုင်းတွင်လည်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး KNLA ပူးပေါင်းတပ်များက ဒရုန်းများဖြင့် တောက်လျှောက် ထိုးစစ်ဆင်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲကတော့ တစ်ညလုံး ချနေကြတာ။ တပ်ကလည်း လေယာဉ်နဲ့ ဒရုန်းတွေ ပျံနေတာရှိတယ်။ KNLA ပူး ပေါင်းတပ်တွေဘက်ကလည်း ဒရုန်းတွေနဲ့ မြေပြင်မှာ ပိတ်ဆို့ပြီး ထိုးစစ်ဆင်နေတယ်။ တိုက်ပွဲတွေတော့ အတော် ပြင်းထန်တယ်။ အဓိက စစ်ဆင်ရေးမှာ KNU တပ်မဟာ ၆ မှာရှိတဲ့ KNLA တပ်ရင်းတွေနဲ့ ပူးပေါင်းတပ်တွေက ဦးဆောင်တာလို့ သိရတယ်” ဟု နယ်စပ်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်က စစ်ရေးတိုးမြှင့်ချထားပြီး မြန်မာဘက်အခြမ်း တိုက်ပွဲ ဖြစ်ပွားနေသော အခြေအနေများကို အမြဲ ကင်းထောက်နေကြောင်း၊ နယ်စပ်ဖြတ်ကျော်၍ ထွက်ပြေးလာသော လက်နက်ကိုင် အဖွဲ့များ မရှိစေရေး သောင်ရင်းမြစ်တစ်လျှောက် ထိုင်းစစ်တပ်၊ ရဲနှင့် ဌာနပေါင်းစုံ ဖြန့်ကျက် လုံခြုံရေး ယူထားကြောင်း ထိုင်းစစ်တပ်သတင်းရင်းမြစ်များက ဆိုသည်။

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများကို တောက်လျှောက်ဆိုသလို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ မတ်လ၊ ဧပြီလနှင့် ယခု မေလအတွင်းတွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်း၊ မယ်လ၊ မော်ဖိုးကေ စခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျောက်တွင် နော်တယာ၊ မဲသဝေါ၊ မောရလီ၊ နော်တ စုစု ပေါင်း စစ်ကောင်စီ၏ တပ်စခန်း ၄ ခုဝန်းကျင်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article