ဒီကနေ့ မေ ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မင်းအောင်လှိုင်လင်မယားက သူတို့ကိုးကွယ်တဲ့ ဝစီပိတ်ဘုန်းကြီး ခေါ်လို့ ကျိုင်းတုံထိသွားပြီး လောက သရဖူစေတီ ဘုရားဌာပနာ ယတြာချေပွဲနဲ့ ဆေးရုံဖွင့်ပွဲ တက်ရောက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
- လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်တဲ့ ပြည်သူ့ ဂုဏ်ရည်ဆုကို သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ) ကင်အဲရစ်က လက်ခံရယူခဲ့တယ်လို့သိရပါတယ်။
- မန္တလေးတိုင်းအတွင်း ခရိုင်အဆင့် စစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၁၂ နေရာကို တပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်မှာရာ စစ်ကောင်စီတပ်သား ၅၀ ထက်မနည်းသေသွားတဲ့အပြင် လက်နက် ၂၇ လက်သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
