25 C
Yangon

တောင်သာမြို့နယ်တွင် စစ်တပ် စစ်ကူ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၂၇

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကူ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပကဖ ကပြောဆိုသည်။

မေလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ထနောင်းကုန်းပျူစောထီးရွာသို့ စစ်ကူလာသည့် သီတာယုမွန် နှင့် အကြမ်းဖက် စစ်‌တပ် ပူးပေါင်းတပ်ဖွဲ့မှ ကား ၃ စီးလာဖြင့် လာရောက်စဉ် တော်လှန်ရေးတပ်ဖွဲ့များက မီတာ ၅၀ ခန့်အကွာအဝေးမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး ကျည်မှန်ခဲ့ပြီး ၃ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို 9/A Nyar Myae Operation အဖြစ် တောင်သာမြို့နယ် ပကဖ နှင့် မြင်းခြံခရိုင် တပ်ရင်း အမှတ် ၃ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများ အနေဖြင့်လည်း စစ်ရေးအရှိန်မြင့်လာသောကြောင့် လေကြောင်းရန်နှင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းရန်မှ ကာကွယ်နိုင်ရန် လုံခြုံရေး သတိဖြင့် ပိုမို ပူးပေါင်းဆောင်ရွက်ကြရန် တောင်သာမြို့နယ် ပကဖ အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article