27 C
Yangon

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်ဘေးရှောင် ကလေး ၂ ဦးသေဆုံးပြီး အများပြည်သူ အသုံးပြုနေသော လုံးခင်း လယ်ပြင်တံတား ပျက်စီး

Must read

ရန်ကုန်၊ မေ ၂၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်ဘေးရှောင် ကလေး ၂ ဦးသေဆုံးပြီး အများပြည်သူ အသုံးပြုနေသော လုံးခင်း လယ်ပြင်တံတား ပျက်စီးသွားကြောင်း ဒေသပြည်သူများက​ ပြောဆိုသည်။

ဖားကန့်မြို့နယ်အတွင်းသို့ အင်အားရာနှင့်ချီ စစ်တပ်က စစ်ကြောင်းထိုးလာပြီးနောက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက် တိုက် လုပ်ဆောင်ခဲ့ရာ ယနေ့ နံနက်ပိုင်း ဖားကန့်လမ်း၊ နန့်ယား အကျော်၊ ဆိုင်ဖရာ အနီး စစ်ရှောင်စခန်းသို့ စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ကလေးငယ် ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်က ဖားကန့်မြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် ယမန်နေ့ညပိုင်း ပစ် ခတ် ခဲ့ရာ လုံးခင်း လယ်ပြင်တံတားမှာ လက်နက်ကြီးထိမှန်၍ ပျက်စီးသွားကြောင်း သိရှိရသည်။

“လုံးခင်း ယမ်းချက် စက်ရုံကနေ့ ထွက်လာတဲ့ စစ်ကြောင်းက လယ်ပြင်ရဲစခန်းရောက်နေကြပြီ။ ဖားကန့်၊လုံးခင်းကတော့ တိုက်ပွဲဖြစ်ရင်တော့ မလွယ်တော့ဘူး။ ရွာပျက်မယ့် အခြေအနေဖြစ်နေပြီ။ ပြည်သူတွေလည်း စစ်စရှောင်နေကြပြီ” ဟု​ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဧပြီလနှောင်းပိုင်းမှစတင်ပြီး အင်အား အလုံးအရင်းဖြင့် ဖားကန့်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး စစ်ကြောင်း ၃ ခုထက်မနည်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article