ဒီကနေ့ မေ ၂၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တခုပြီးတစ်ခု သိမ်းပိုက်လာနေတဲ့ KNLA ပူးပေါင်းတပ်တွေဟာ အဲ့ဒီ့ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ နောက်ထပ်စစ်ကောင်စီ ရဲ့ ကနဲလေး တပ်စခန်းကိုပါ မေလ ၂၈ ရက်နေ့ဖြစ်တဲ့ မနေ့ကပဲ အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ KNLA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်မှာ KIA-PDF ပူးပေါင်းတပ်တွေရဲ့ပစ်ခတ်မှုကြောင့် ရွှေကူမြို့မှာ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်ကိုတော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ထပ်မံ ဗုံးကျဲတိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ဓါတ်ပုံမှတ်တမ်းအဖြစ် KIA က ထုတ်ပြန်လိုက်ပါတယ်။
- ရခိုင်ပြည်က ကျောက်ဖြူမြို့နယ် နဲ့ စစ်တွေမြို့နယ်တွေကို သိမ်းပိုက် ရရှိဖို့အတွက် အာရက္ခတပ်တော် AA နဲ့အတူ မြောက်ပိုင်း ညီနောင် မဟာမိတ်တွေပါ အတူတကွ ပူးပေါင်း ပါဝင် တိုက်ခိုက်နေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
