25 C
Yangon

ခင်ဦးတွင် စစ်တပ်က ပြည်သူ ၂ ဦးကို လူသားဒိုင်း ပြုလုပ်ပြီး ပစ်သတ်၊ ကြို့ကန်ရွာကို မီးရှို့နေစဥ် မိုင်းဆွဲခံရပြီး စစ်သားနှင့် ပျူစောထီး ၁၈ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၃

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြေနီသျှိုလမ်းဆုံအနီးတွင် အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၁ ရက်နေ့တွင် ပြည်သူ ၂ ဦးကို လူသားဒိုင်းအဖြစ်အသုံးပြုကာ ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ခင်ဦးမြို့နယ် မြေနီသျှိုလမ်းဆုံအနီးတွင် ဒေသခံ ပြည်သူ ၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီးနောက် ကြို့ကန်ရွာ အနောက်ဘက်တွင် ပစ်သတ် ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ရွှေဘိုမှတပ်ကူလာသော စစ်ကားများပါ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် အနီးအနား ဝန်းကျင်ရှိ ကြို့ကန်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့နေစဥ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သားနှင့် ပျူစောထီး ၁၈ ဦး သေဆုံးကာ ၁၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ကြို့ကန်ကျေးရွာကို မီးရှို့ ဖျက်ဆီးခဲ့သောကြောင့် ပြည်သူ နေအိမ် ၃၅ လုံး မီးလောင်ပြာကျကာ လက်နက်ကြီးကျည် ထိမှန်သောကြောင့် ပြည်သူပိုင် နေအိမ် ၂ ပါ မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article