30 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီBy ရန်ကုန်ခေတ်သစ် ဇွန် ၁၃ ရက် ညနေပိုင်းရရှိထားတဲ့သတင်းတွေကတော့
-ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါ်လေမြိုင်-မြို့နယ်ခွဲမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO နဲ့ ပူးပေါင်းတပ်ဖွဲ့က ဒီကနေ့ ဇွန်လ ၁၃ ရက် မနက် အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီဘက်က ရဲ ၂ ဦးသေဆုံးတဲ့အပြင် ၊ စခန်းမှူးနဲ့ ရဲတပ်သား ၂ ဦးကို အရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။
– အကြမ်းဖက် စစ်ကောင်စီမှာ နိုင်ငံခြားရေးဝန်ကြီး အဖြစ် မင်းအောင်လှိုင်က ခန့်အပ်ထားသူ ၀ဏ္ဏမောင်လွင်က သူရဲ့ သမီးအကြီးဖြစ်သူ ဒေါက်တာ-တင်သစ္စာလွင် ကို ကျန်းမာရေးဝန်ကြီးဌာ နရုံးချုပ်ကို ညွှန်ကြားရေးမှူး ရာထူးတိုးနဲ့ နေပြည်တော်ကို ခေါ်ယူလိုက်တယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
-စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ၊ လင်း-စားကျက် ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဇွန်လ ၁၂ ရက်နေ့မှာ ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ၊ ပြည်သူ အယောက် ၁ဝဝ ကျော်ကို ကျေးရွာ ဘုန်းကြီး ကျောင်းမှာ ဖမ်းဆီးထားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article