26 C
Yangon

Khit Thit သတင်းဌာန၏ မေ ၃၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၃၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်က တိုင်းစစ်ဦးစီးမှူး (ပထမတန်း-G1) ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင် ဆိုသူနဲ့ စစ်သုံ့ပန်း အများအပြားကို အာရက္ခ တပ်တော် AA က အရှင် ဖမ်းဆီးရရှိထားပြီး အလံဖြူထောင် အလင်းဝင်တဲ့စစ်သားတွေလည်း တော်တော်ကိုများနေတယ်လို့ AA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြည်သူလူထု နဲ့အတူ တစ်သားတည်းရပ်တည်ဖို့အပြင် ၊ တော်လှန်ရေးကို လုပ်မစားဖို့ နဲ့ ပြည်သူအားကိုးရတဲ့ တပ်တော်အဖြစ်ကြိုးစားဖို့ KA/KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ် က သတိပေးပြောဆိုလိုက်ပါတယ်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်အတွက် စစ်ကူနဲ့ ရိက္ခာပို့ ကား ၂ စီးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်သား ၂ ဦးရဲ့ အလောင်းနဲ့အတူ လက်နက်ခဲယမ်းအချို့နဲ့ ကား ၁ စီးကိုပါ တော်လှန်ရေးတပ်တွေက သိမ်းဆည်းရရှိထားတဲ့အပြင် ၊ နောက်ထပ်စစ်ကောင်စီတပ်သား ၁ ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article