ဒီကနေ့ ဇွန် ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အလုပ်သမားတွေအပေါ် အတင်းအကျပ်စေခိုင်းတာနဲ့ အတင်းအကျပ်စစ်မှုထမ်းစေတာတွေအပါအဝင် အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်နေတာတွေအတွက် စစ်ကောင်စီကို ICC ကမ္ဘာ့ ရာဇဝတ်တရားရုံးကို လွှဲပေးဖို့ Fortify Rights က အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO)ထံ တောင်းဆိုလိုက်ပါတယ်။
ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့နယ်ခွဲ၊ နတ်မော်ကျေးရွာအုပ်၊ ကျောက်ချောင်း ကျေးရွာမှာ လူစားထိုးစစ်မှုထမ်းရင် ငွေကျပ် ၈၅ သိန်းပေးမယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူး သိန်းထိုက်က လူငယ် ၁ ဦးကို လိမ်လည်စစ်ထဲသွင်းလိုက်ပေမယ့် ငွေတစ်ပြားမှ မပေးဘူးလို့ စစ်ထဲအသွင်းခံရတဲ့ လူငယ်ရဲ့မိတ်ဆွေ တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ကင်းလှည့်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၈ ဦး သေဆုံးပြီး လက်နက် ၂ လက် သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
