26 C
Yangon

ရွှေဘိုမြို့ မုခ်ဦးအနီးတွင် စစ်တပ် လှည့်ကင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး၊ စစ်တပ်က ရမ်းပစ်သော လက်နက်ကြီးကျည် ထိမှန်၍ ပြည်သူ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ မုခ်ဦးအနီးတွင် အကြမ်းဖက် စစ်တပ် လှည့်ကင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး စစ်တပ်က ရမ်းပစ်သော လက်နက်ကြီးကျည် ထိမှန်၍ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၄ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့မုခ်ဦး အနီး ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကိုတော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲသည် ၁ နာရီ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားသောကြောင့် ရွှေဘိုမြို့တွင်းကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

“ရွှေဘိုမြို့ထဲကနေ ထွက်လာတာပါ။ တိုက်ပွဲဖြစ်တာက မြို့အထွက် တောင်ဘက်မုခ်အနီးဖြစ်တဲ့ အတွက် စစ်ခွေးတွေက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ လက်နက်ကြီးစထိပြီး ပြည်သူတစ်ဦး သေဆုံးတာ တိုက်ပွဲဖြစ်ပြီးတော့ စစ်ခွေးတွေက ရွှေဘိုမြို့ ကာကြီးဝင်းဖက်နဲ့ ရွှေဘိုမြို့ အနောက်ဘက် မင်းကုန်း စစ်ခွေးခြံထဲကို အင်အားတွေ သွားပေါင်းတယ်လို့ သိရတယ်” ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် သေဆုံးသွားသော စစ်ကောင်စီ တပ်သား မသာ အလောင်း ၃ လောင်းကို ရွှေဘိုမြို့အတွင်းမှ နာရေးကား ၂ စီးဖြင့် လာရောက် သယ်ဆောင်သွားကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ရဲဘော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ အနီး တစ်ဝိုက်ကိုလည်း ရွှေဘိုမြို့ ကညန စစ်တပ် စခန်းအတွင်းမှ ရမ်းသမ်း ပစ်ခတ်သော လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ ရပ်ကျေးပအဖ တာဝန်ခံတစ်ဦးနှင့် ပကဖ ရဲဘော်တစ်ဦးတို့ မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောကျီးကန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ် ရေး ပကဖ ၊ မြို့နယ်တိုက်ခိုက်ရေးအဖွဲ့PDO ၊ ရွှေဘိုမြို့နယ် တိုက်နယ် ၅ ပကဖတိုက်ရေးအဖွဲ့၊တိုက် နယ် ၅ နယ်မြေခံ ပကဖများ ၊ ဒီပဲယင်းမြို့နယ် တိုက်နယ် ၃ ပကဖ၊ ရွှေဘိုခရိုင် တပ်ရင်း ၂၃ ၊ ရွှေဘို ခရိုင် တပ်ရင်း ၂၆ နှင့် ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း FIGHT FOR FREEDON PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article