ရန်ကုန်၊ ဇွန် ၁၃
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ သရက်ချောင်းမြို့သို့ ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော လှေ ၂ စီးကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်လူငယ်လက်ရုံးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ထားဝယ်မြို့ မှ သရက်ချောင်းမြို့သို့ ရှေ့တန်းပြန် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပို့ဆောင်ပြီး ပြန်လာသည့် အင်အား ၈၀ ခန့်ပါ လှေ ၂ စီးကို တော်လှန်ရေးတပ်ဖွဲ့များက ထားဝယ်မြစ်တစ်နေရာတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့များက စနိုက်ပါ အပါဝင် လက်နက်ငယ်များဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား၂ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ထားဝယ်မြို့ကနေ သရက်ချောင်းမြို့ကို ရှေ့တန်းပြန် စစ်ခွေးတွေကို ပို့ပြီး ပြန်လာတဲ့ အင်အား ၈၀ ပါ လှေ ၂ စီးကို ထားဝယ်မြစ်တစ်နေရာမှာ ကျနော်တို့ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၂ ကောင် ငရဲလားပြီး ၃ ကောင် ဒဏ်ရာရတယ်” ဟု ထားဝယ်လူငယ်လက်ရုံးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ထို တိုက်ခိုက်မှုကို ထားဝယ်လူငယ်လက်ရုံးတပ် နှင့် KNLA တပ်ရင်း(၁၂) တပ်ခွဲ(၁) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
