27 C
Yangon

ရေစကြိုတွင် စစ်ကောင်စီတပ်က CDM ကျောင်းအုပ်ကြီး ဦးဝင်းကျော်၊ အ ထက်တန်း သူနာပြု ဒေါ်ဇာလီနိုင်၊ ကိုယ်ဝန်သည် CDM ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ ၊ မသဲအိအိဝင်း၊ PDF ရဲဘော်ဝူခုန်း တို့ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်

Must read

ရန်ကုန်၊ ဇွန် ၁၅

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်များက ဇွန်လ ၁၀ ရက်နေ့ ရေစကြိုပျောက်ကြားတပ်ဖွဲ့ N-YSO စခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး CDM ကျောင်းအုပ်ကြီး ဦးဝင်းကျော်၊ အထက်တန်းသူနာပြု ဒေါ်ဇာလီနိုင်၊ CDM ကျောင်း ဆရာမဒေါ်ခင်နှင်းဝေ ၊ မသဲအိအိဝင်း၊ PDF ရဲဘော်ဝူခုန်း တို့ကို အရှင် လတ်လတ် မီးရှို့သတ်ဖြတ်သွားကြောင်း N-YSO က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၀ ရက်နေ့ N-YSO စခန်းကို ဝင်စီးပြီးနောက် ပြည်သူများနှင့် N-YSO ဆက်နွယ်သော CDMကျောင်းအုပ်ဆရာကြီးဦးဝင်းကျော်၊ အထက်တန်း သူနာ ပြု ဆရာမလေး ဒေါ်ဇာလီနိုင် ၊ ထောက်ပို့ရဲဘော် မသဲအိအိဝင်း ၊ ကိုယ်ဝန် ၅ လရှိ CDMကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ၊ PDF ရဲဘော်ဝူခုန်းတို့ကို ဖမ်းဆီး သွားကြောင်း ၊ ယင်းနောက် N-YSO နှင့် ဆက်နွယ်နေသူ ၅ ဦးကို ရက်ရက် စက်စက် မီးရှို့ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း N-YSO က ဆိုသည်။

N-YSO ၏ ထုတ်ပြန်ချက်တွင်မူ ဇွန်လ ၁၀ရက် နံနက် ၃ နာရီအချိန် N-YSO တပ် စခန်း ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးခဲ့ပြီး စစ်ကြောင်း သုံးကြောင်း ဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ကားဖြင့်စစ်ကြောင်းထိုးလာသော စစ် ကားနှစ် စီး ကို N-YSO က ပဒေသာ မိုင်းအတွဲလိုက်ဖြင့် စီးကြိုးတိုက်ခိုက်ခဲ့ရာတွင် အရာ ခံ ဗိုလ်တစ်ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့ကြောင်း၊ ပြည်သူ့အချို့ကို လမ်းပြ အဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားပြီး N-YSOရဲဘော်(၅)ဦးကို ဖမ်းဆီးပြီး အရှင်လတ် လတ်မီးရှို့သတ်ဖြတ် သွားကြောင်း၊ ဇွန်လ ၁၄ ရက်နေ့တွင် အ လောင်း များ တွေ့ရှိရ ၍ ကောင်းမွန်စွာ သဂြိုလ်လိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- CDMကျောင်းအုပ်ဆရာကြီးဦးဝင်းကျော်၊ အထက်တန်း သူနာပြု ဆရာ မလေး ဒေါ်ဇာလီနိုင် ၊ ထောက်ပို့ရဲဘော် မသဲအိအိဝင်း ၊ ကိုယ်ဝန် ၅ လရှိ CDMကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ၊ PDF ရဲဘော်ဝူခုန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article