-“ကရင်အမျိုးသားတော်လှန်ရေး လှုပ်ရှားမှုသည် ကရင်လူမျိုးတို့၏ ရည် မှန်း ချက်နှင့် အိပ်မက်ဖြစ်သော ကော်သူးလေ နိုင်ငံထူထောင်ခြင်းဖြစ်ကြောင်း၊ ကရင် လူမျိုးအားလုံး၏ စိတ်နှလုံးတွင် ကော်သူးလေ နိုင်ငံသည် စွဲမြဲ ရှိနေ သည်မှာ ငြင်းပယ်၍ မရကြောင်း။”
– “ကော်သူးလေ” နိုင်ငံထူထောင်ခြင်းနှင့် “ကော်သူးလေအစိုးရ” ဖွဲ့စည်းခြင်း ကို ကြေညာခဲ့သည်မှာ ၇၆ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။ သို့သော် လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော “ကော်သူးလေ” ဟူသည့် အသိ အမှတ် ပြုခြင်းကို ယခုအချိန်အထိ မရရှိသေးပါ။
– “ကောင်းမွန်သော ခေါင်းဆောင်မှု၊ ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှု၊ လူထုလိုအပ်ချက်ဖြည့်ဆည်းမှု၊ လူထုလုံခြု့ရေး၊ စီးပွားရေးနှင့် အခြေားသောရေးရာ များကို ဖြည့်ဆည်းပေးနိုင်မှုတို့အပေါ် မူတည်၍ နိုင်ငံတစ်နိုင်ငံထူထောင်ခြင်း၊ တည်ငြိမ်မှု၊ တိုးတက်မှုနှင့် ငြိမ်းချမ်းမှုတို့ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။
– “ကော်သူးလေကို စိတ်နှလုံးတွင် လေးစားအထင်ကြီးထူထောင်လိုသည့်သူအားလုံးမှ အကောင်အထည်ဖော်ရန် တာဝန်ရှိသည်။ မိမိတို့၏ စိတ်နှလုံးထဲတွင်သာမက နေရာကဏ္ဍအသီးသီးတွင် ကရင်ပြည် “ကော်သူးလေ” ထူထောင်ရေးကို အင်တိုက် အားတိုက် ကြိုးပမ်းကြပါစို့။ ကရင်ပြည် “ကော်သူးလေ” သည် မိမိတို့၏ ကရင်လူမျိုးများ၏ စိတ်နှလုံးထဲတွင် ရှင်သန်ပြီး ယုံကြည်မှုဖြင့် အတူတကွ ဖော်ဆောင်ကြပါရန်။”



