ဒီကနေ့ ဇွန် ၁၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ကြောင့် တရုတ်စီမံကိန်းတည်ရှိရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ရာနဲ့ချီ သေဆုံးမှုတွေ ရှိနေတယ်လို့ စစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။
- အစ္စရေး-အီရန် နှစ်နိုင်ငံအကြား ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုစစ်ပွဲကြောင့် အစ္စရေးရောက် မြန်မာစိုက်ပျိုးရေး သင်တန်းသားအလုပ်သမားတွေပါ စစ်ဘေးကြုံ ဒုက္ခရောက်နေပြီး မြန်မာနိုင်ငံပြန်ဖို့လည်း မလွယ်ကူဘူးလို့ အစ္စရေးရောက်မြန်မာအလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက်စစ်ကောင်စီက သံဃာတွေကို လိုင်စင်မဲ့ယာဉ်တွေ စီးနင်းခွင့်ပြုပြီးနောက် ပျူစောထီး၊ ပြည်သူ့စစ်၊ စစ်တပ်နဲ့ ရဲတွေ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေကို ထောက်ခံချက်နဲ့ လိုင်စင်မဲ့ယာဉ်တွေ ပြန်လည်စီးနင်းခွင့်ပြုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမဘ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
