27 C
Yangon

အောင်လင်းဒွေး၏ မိတ်ဆွေနှင့် စစ်တပ်ထောက်ခံသူ ကျန်းမာရေး ညွှန်ချုပ် ဒေါက်တာ မြင့်မြင့်သန်း အဂတိမှုများ မင်းအောင်လှိုင်ထံ တိုင်ကြားသော်လည်း အရေးယူ မခံရ၊ ကျန်းမာရေးဝန်ကြီးနှင့် အဂတိကော်မရှင် ညှိနှိုင်းမှု လာဘ်ငွေ သိန်း ၈၀၀ ဖြင့် ပြေလည်ဟုဆို

Must read

ရန်ကုန်၊ ဇွန် ၁၆

အကြမ်းဖက်စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေး၏ မိတ်ဆွေ ဒုဗိုလ် မှူးကြီးဟောင်း နေမျိုး ဇနီး ကျန်းမာရေး ညွှန်ချုပ် ဒေါက် တာ မြင့်မြင့်သန်း အဂတိလိုက်စားမှုများ တိုင်ကြားခံရသော်လည်း အရေးယူခံရမှု မရှိဘဲ ပစ် စာ အဆင့်ရောက်ရှိသွားကြောင်း နေပြည်တော်သတင်းရင်းမြစ်များထံမှ သိရှိ ရ သည်။

ညွှန်ချုပ် ဒေါက်တာမြင့်မြင့်သန်း၏ အဂတိလာဘ်စားမှုများကို ကျန်းမာ ရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ချုပ် ၄ ဦးက တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ကျန်းမာ ရေး ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် အဂတိကော်မရှင်ဥက္ကဋ္ဌ တင်ဦး တို့ အကြား ညှိနှိုင်းမှုဖြင့် သိန်း ၈၀၀ ဖြင့် အမှု ပြေလည်သွားကြောင်း သိရှိရသည်။

“ညွှန်ချုပ်က ၁ ပတ်ကို ၂ ကြိမ် ဝန်ကြီးအိမ်ကို အဝင်အထွက်လုပ်ပါတယ်။ တစ်ခါသွားရင် ပါသွားတဲ့ပစ္စည်းက သိန်းကျော်တန်တွေနဲ့ပဲသွားတာ။ သူ့ကို ဒုညွှန်ချုပ် ၄ ဦးက တိုင်တဲ့ကိစ္စကို အဂတိကော်မရှင်ဥက္ကဌဆီ ဝန်ကြီး ကပဲ ကြားဝင်ညှိပေးတယ်။ အဂတိဥက္ကဌက အမှုစစ်ဖို့ အတွက် အမှုစစ်အဖွဲ့ ၂ ကို တောင် တာဝန်ပေးထားပြီးပေမယ့် ဝန်ကြီးက ညှိပေးလိုက်တာ သိန်း ၈၀၀ နဲ့တည့် သွားတယ်။ အဲ့ဒီတိုင်စာကို ပစ်စာပါဆိုပြီး ဆက်မစစ်ခိုင်းတော့တာဘူး။ ဝန်ကြီးလည်း သိန်း ၃၀၀ ရသွားတယ်။ သူ့ရဲ့လုပ်ပိုင်ခွင့်တွေ၊ ဂွင်တွေက အရမ်းများတော့ သူပြုတ်မှာအရမ်းကြောက်တာ အစ်ကို၊ အဲ့ဒါကြောင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ဝန်ကြီးကိုငွေပေးပြီး ပိတ်တာ” ဟု နေပြည် တော်သတင်းရင်းမြစ်က ဆိုသည်။

အဂတိမှုဖြင့် အတိုင်ခံရသည့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်း မာရေးဦး စီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက် တာမြင့်မြင့်သန်း၏ ခင်ပွန်းဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီးဟောင်း နေမျိုးဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကို လက်ရှိ စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးနှင့်အတူ တက်ရောက် ခဲ့သူ လည်း ဖြစ်သည်။

ဒုတိယဗိုလ်မှူး‌ကြီးဟောင်း နေမျိုးသည် ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြောင်း ရွှေ့ပြီးနောက် လာဘ်ပေးလာဘ်ယူမှုဖြင့် အထုတ်ခံထားရသူ လည်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းသည် အလွဲ သုံးစားပြုမူနေသဖြင့် အရေးယူပေးရန် ဒုတိယညွှန်ကြားရေး မှူးချုပ်(စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်၊ ဒေါက်တာ ထင် လင်း ဒုညွှန်ချုပ်(ပြည်သူ့ကျန်းမာ)၊ ဒေါက်တာထွန်းတင်၊ ဒုညွှန်ချုပ် (ဗဟို ကူးစက်)၊ ဒေါက်တာကျော်ကံကောင်း၊ ဒုညွှန်ချုပ်(မကူးစက်) တို့က ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် မင်းအောင်လှိုင် အပါအဝင် အဂတိကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ညွှန်ချုပ်ဒေါက်တာမြင့်မြင့်သန်းက ဝန်ထမ်းများ ကို ရုံးချိန်ကျော်လွန် ခိုင်း စေခြင်း၊ ရုံးပိတ်ရက်များတွင် အိမ်သို့ခေါ်ကာ ကိုယ်ရေးကိုယ်တာ ခိုင်းစေခြင်း၊ ဆေးကုမ္ပဏီများထံမှ ရာခိုင်နှုန်းဖြင့် ငွေကြေးတောင်းယူခြင်း၊ NGO များနှင့် ပူးပေါင်း ငွေကြေးများ ကိုယ်ကျိုးတောင်းခံခြင်း ၊ ဆေးကုမ္ပဏီများထံမှ တံစိုး လက်ဆောင် ရယူနေသည့်အပြင် ကျန်းမာရေးစီမံချက် ရန်ပုံငွေများ အလွဲ သုံးစားပြုခြင်း၊ အသုံးစရိတ် ပိုတောင်းခြင်းနှင့် ပိုလျှံဆေးဝါးများကို ရောင်း ချခြင်းဖြင့် ကိုယ်ကျိုးရှာနေခြင်းများကြောင့် တိုင်ကြားခံရခြင်းဖြစ်သည်။

“ဝန်ထမ်းတွေကို ရုံးချိန်ထက်ကျော်လွန်ပြီးခိုင်းစေတာ ၊ ဝန်ထမ်းတွေကို ဆဲဆို တာ၊ ပိတ်ရက်တွေမှာ ဝန်ထမ်းတွေကို အိမ် ခေါ်ပြီးကိုယ်ရေး ကိုယ်တာ တွေ ခိုင်းတာ၊ ဒါကြောင့်မို့လို့ ဝန်ထမ်းတွေမှာ ကိုယ်ပိုင်အချိန်တွေပျောက်ဆုံးပြီး မိသားစုကိစ္စတွေဘာမှမလုပ်နိုင်တာ၊ ဝန်ထမ်းတွေပြောတဲ့စကားတွေကို အသံဖမ်းစက်တွေသုံးပြီး အသံဖမ်းတာ၊ ဝန်ထမ်းအချင်းချင်း မတည့်အောင် ရန်တိုက်ပေးတာတွေက သူဌာနအတွင်းမှာ လုပ်နေတာတွေပါ” ဟု နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ဆိုသည်။

ဒေါက်တာမြင့်မြင့်သန်းသည် CDM ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးရာ တွင် အဓိက နေရာမှ လှုပ်ရှားဦးဆောင်သူဖြစ်ပြီး ဒေါက်တာခင်ခင်ကြီးက မြေ ပြင် ကွင်းဆင်းမှုတွင် ပါဝင်နေကြောင်း သိရှိရသည်။

“ရုံးပိုင်းဆိုင်ရာ အမိန့်တွေထုတ်ပြီး CDM ကျန်းမာရေး ဝန်ထမ်းတွေကို ဖမ်းခိုင်း နေတာက ညွှန်ချုပ်‌ ဒေါက်တာမြင့်မြင့်သန်း။ ခင်ခင်ကြီးက အရင်တုန်းကတော့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကပါပဲ၊ အခုတော့ ကုသရေးဦးစီးဌာန ပုဂ္ဂလိ က ကျန်းမာရေးဌာနမှာ ညွှန်မှူးဖြစ်သွားပြီ။ ၂ ယောက်စလုံး ဒီပုတ်ထဲက ဒီပဲတွေပဲ။ အခုလည်း ဆေးရုံဆေးခန်းတွေက CDM ဆရာဝန် သူနာပြုတွေကို လိုက်စစ် ဖို့လုပ်နေကြတယ်” ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- အောင်လင်းဒွေး(စစ်ကောင်စီအတွင်းရေမှူး)၊ မြင့်မြင့်သန်း( အဂတိလိုက်စားသူ ညွှန်ချုပ်)၊ သက်ခိုင်ဝင်း(ကျန်းမာရေးဝန်ကြီး)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article