27 C
Yangon

ကချင်ပြည်နယ်နှင့်ဆက်စပ်နေသော စစ်ကိုင်းတိုင်း၊ ကသုံးလုံးဒေသအတွင်းတွင် KIA နှင့် PDF ပူးပေါင်းတပ်များက ထိုးစစ်ပြန်လည်စတင်ပြီး အကြမ်းဖက်စစ်တပ်၏ စခန်းများနှင့်ကင်းစခန်းများကို တောက်လျှောက်သိမ်းနေ

Must read

ရန်ကုန်၊ မေ ၂၄

ကချင်ပြည်နယ်နှင့်ဆက်စပ်နေသော စစ်ကိုင်းတိုင်း၊ ကသုံးလုံးဒေသအတွင်းတွင် KIA နှင့် PDF ပူးပေါင်းတပ်များက ထိုးစစ်ပြန်လည်စတင်ပြီး အကြမ်းဖက်စစ်တပ်၏ စခန်းများနှင့်ကင်းစခန်းများကို တောက်လျှောက်သိမ်းပိုက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ စစ်ရုံးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က မန္တလေးမှ မြစ်ကြီးနားအထိ လမ်းတလျှောက်မြို့များကို တောက်လျှောက်သိမ်းပိုက်ပြီး မန္တလေး-မြစ်ကြီးနား မဟာဗျူဟာလမ်းမကြီးတစ်ခုလုံးရှိ မြို့များနှင့် အဓိက လမ်းလုံခြုံရေးဂိတ်များကို ယခု မေလအစောပိုင်းတွင် သိမ်းပိုက်ခဲ့ကြောင်း၊ ထိုသို့ သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးယန္တရားများနှင့်စစ်အင်အားများကို ယာဉ်တန်းများဖြင့် စစ်တပ်က ပြန်လည် ဖြည့်တင်းခဲ့ကြောင်း၊ ယင်းနောက် KIA နှင့် PDF ပူးပေါင်းတပ်များက ထိုးစစ်များ ပြန်လည် စတင်ခဲ့ပြီး စခန်းများနှင့်လုံခြုံရေးအချက်အချာကျသော နေရာများကို ပြန်လည် သိမ်းပိုက်နေကြောင်း သိရှိရသည်။

“အင်းတော်နဲ့မော်လူးအကြားမှာလည်း စခန်းတွေ ပြန်သိမ်းတာရှိတယ်။ နောက်တစ်ခုက ကသာမြို့နယ်မှာလည်း စခန်းတွေ သိမ်းတာရှိတယ်။ အခုအခြေအနေက သူတို့ရဲ့ ထိုးစစ်ကို ပြောက်ကျားစနစ်နဲ့ ပြန်လည် တိုက် စစ်ဆင်နိုင်ပြီလို့ ပြောလို့ရတယ်။ သူတို့သိမ်းထားတဲ့ မြို့ပတ်ပတ်လည်တွေကို ပြန်ထိန်းထားနိုင်ပြီ။ မြို့တွေကို ပြန်သိမ်းတာထက် မဟာဗျူဟာကျလမ်းပိုင်းနဲ့ အချက်အချာကျနေရာတွေကို အဓိက ထိန်းချုပ်နိုင်ဖို့က အခရာကျတယ်။တချို့သတင်းတွေက မထုတ်ပြန်တာပဲရှိတယ်။ မြေပြင်မှာ လုပ်စရာရှိတာလုပ်နေကြပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ စစ်ရုံးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုမေလဆန်းပိုင်းတွင် အကြမ်းဖက်စစ်တပ်က ပြန်လည် ဖွင့်လှစ်နိုင်ပြီဟု ကြေညာခဲ့သော မန္တလေး-မြစ်ကြီးနား လမ်းမှာလည်း လတ်တလော တချို့လမ်းပိုင်းနေရာများတွင် တိုက်ပွဲများကြောင့် ပြန်လည် ပိတ်သွားကြောင်း သိရှိရသည်။

“တကောင်း၊ မြတောင်၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ နဘား၊ မော်လူး အဲဒီဘက်တွေမှာတော့ တော်လှန်ရေးတပ်တွေက ပြန်ပြီး လှုပ်ရှားတာရှိတယ်။ မြို့သိမ်းတိုက်တာမျိုးတော့မဟုတ်ဘူး။ နယ်မြေစိုးမိုးရေး ပြန်လှုပ်ရှားတာ” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ကချင်ပြည်နယ်နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်းအတွင်းရှိ ကသုံးလုံးဒေသများဖြစ်သော ကသာခရိုင်အတွင်းရှိ ကသာ၊ ထီးချိုင့်၊ အင်းတော်၊ ကောလင်းခရိုင်အတွင်းရှိ ကောလင်း၊ ဝန်းသိုနှင့် ပင်လည်ဘူး၊ ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူနှင့် ကျွန်းလှ မြို့နယ်များတွင် တော်လှန်ရေးတပ်များက နယ်မြေစိုးမိုးရေး ပြန်လည် ဆောင်ရွက်ရန်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article