ရန်ကုန်၊ ဇွန် ၁၉
ယနေ့ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ကမ္ဘာအေးဘုရားနှင့် ဂမုန်းပွင့်ကုန်တိုက် လူကူးကုန်းကျော်တံတားတွင် ပစ်တိုင်းထောင်သပိတ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် “၈၀ ချစ်တယ်”ဆိုသော စာတန်းကို ချိတ်ဆွဲခဲ့သည်။
စစ်ကောင်စီက ယနေ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားပြီး ဘုရားများတွင်လည်း လူထုခေါင်းဆောင်၏ မွေးနေ့ဆုတောင်းပွဲများ မဖြစ်ပေါ်စေရန် အရပ်ဝတ်နှင့်ပျူစောထီးများ ချထားကြောင်း ဘုရားသို့ သွားရောက်လေ့လာခဲ့သည့် ကင်းထောက်အဖွဲ့များက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




