ရန်ကုန်၊ ဇွန် ၂၀
ရခိုင်ပြည်တွင် AA က သိမ်းပိုက်ထားသော မင်းပြားမြို့နယ် ခမရ ၃၈၀ တပ် ရင်း ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ပျက်စီးမှုများရှိကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။
ဇွန် ၁၉ ရက်နေ့ ညဉ့် ၁၂ နာရီဝန်းကျင်မှာ မင်ပြားအနီး ယခင်စစ်ကောင်စီ အထိုင်ချ နေထိုင်ခဲ့သည့် ၃၈၀ တပ်ရင်းအနီးတစ်ဝိုက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခဲ့ခြင်းဖြစ်ကြောင်း မင်းပြားမြို့ခံ တစ်ဦးက ပြောသည်။
“မင်းပြားမြို့ခံဒေသခံတစ်ဦးက မင်းပြား ၃၈၀ တပ်ရင်း အနီးတစ်ဝိုက်ကို မနေ့ က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်။ အထိ အခိုက် အပျက်စီးတော့ ရှိတယ်လို့ သိရတယ်။ သေဆုံးမှုကိုတော့ မသိရသေးဘူး။ သတင်းအတိ အကျ ရဖို့ ခက်ခဲနေတယ် “ဟုပြောသည်။
ထို့ပြင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါက်တောမြို့နယ်က ကျေးရွာတချို့ကိုလည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအခြေအနေနှင့် ပတ်သက်၍ ထိခိုက်မှု အခြေနေကိုမူ မသိရှိရသေးပေ။
ဓာတ်ပုံ – ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်ခန့်အချိန် မင်းပြားမြိုနယ်ရှိ မင်းဖူးဆေးရုံကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ တိုက်လေယာဉ် ၁ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့စဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
