ဒီကနေ့ ဇွန် ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီက ကလေးစစ်သား စုဆောင်းအသုံးပြုမှု မြင့်တက်လာနေ တဲ့အတွက် ကုလသမဂ္ဂရဲ့ နိုင်ငံတကာ List of Shame စာရင်းမှာ မြန်မာစစ်တပ်ကို ထည့်သွင်း လိုက်တယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဇွန်လ ၂၀ ရက်နေ့ဖြစ်တဲ့ မနေ့ကပဲ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
မကွေးတိုင်း ၊ ငဖဲမြို့နယ်က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ နတ်ရေကန် ဗျူဟာကုန်းကနေ ထပ်ပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၄ ဦးကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရရှိ ထားပြန် သလို ၊ နတ်ရေကန်လမ်းဟောင်းက စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာလည်း စစ်ကောင်စီ တပ်သား ၁ ဦးကို ထပ်ပြီး အရှင်ဖမ်းဆီးရမိထားပြန်တယ်လို့ CDF – Asho တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA သိမ်းပိုက်ထားရာ တအာင်းပြည်နယ်မှာ ပြုလုပ်တဲ့ BPLA အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် ၉ သင်တန်းဆင်းပွဲကို NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး နဲ့ TNLA ရဲ့ ဗိုလ်ချုပ်တားဘုန်းကျော် အပါအဝင် တော်လှန်ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့ BPLA က သတင်းထုတ်ပြန်ထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
