26 C
Yangon

မြင်းခြံနှင့် တနင်္သာရီမြို့နယ်တို့တွင် စစ်တပ်စစ်ကြောင်းနှင့် စစ်ကောင်စီစခန်းများကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ ဇွန် ၂၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မင်းနေကုန်း ကျေးရွာ စခန်းမှ ဈေးဝယ်ထွက်လာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံမြို့နယ် Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ မင်းနေကုန်း ကျေးရွာ စခန်းမှ ဈေးဝယ်ထွက်လာသော အကြမ်း ဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ဇွန်၁၉ ရက်နေ့ကတည်းက သူတို့သွားမယ့် လမ်းပိုင်းကို ကြိုတင်ပြီး ကင်းပုန်းဝပ်နေရာယူထားခဲ့ရတာ။ နောက်နေ့မနက်ခင်းပိုင်းမှာ မင်းနေကုန်းစခန်းတွင်းကနေ အင်အား ၂၀ ဦ’ခန့်နဲ့ ကောင်းစဉ်ရွာဘက်ဈေးဝယ်ထွက်သွားပြီး အပြန်လမ်းမှာ ကျ နော်တို့ အလစ်အငိုက်ဝင်ပစ်ခတ်ခဲ့တာ မျက်မြင် ၃ ကောင်သေဆုံးခဲ့တယ်။ သူတိုလူတွေ ပစ်ခတ်ခံရလို့ မင်းနေကုန်းစခန်း အတွင်းကနေ လက်နက်ကြီး၊လက်နက်ငယ်များနဲ့ ပစ်ကူများပေးလို့ ကျနော်တို့ဘက်မှ ၄ဝ မမ ၁ လုံးနဲ့ရော လက်နက်ငယ်တွေနဲ့ရော ပစ်ခတ်ပြီး ခွာစစ်လုပ်ခဲ့ရတယ်” ဟု Zero ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူကပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မြေပြင် တိုက်ပွဲများအတွင်း အထိနာနေသောကြောင့် လေယာဉ် အသုံးပြုကာ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ တနင်္သာရီမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ဇွန်လ ၁၇ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာ အခြေအစိုက် ခမရ ၅၅၈ တပ်ရင်းကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပကဖ အဖွဲ့နှင့်‌ တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၁၈ ရက်နေ့တွင်လည်း တနင်္သာရီမြို့နယ်၊ မြန်မာအင်းတော်ဘက်မှ ကူးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တမုတ်ချုံးရွာထဲကို ဝင်ရောက်လာစဉ် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဇွန်လ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်အချိန် မြိတ်မြို့မှ သိန်ခွန်းရွာတိုက်ပွဲအတွက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရိက္ခာကားနှင့် စစ်ကြောင်း တက်လာစဉ် တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာနှင့် သမုတ်ချုံးရွာ အကြား တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲကာ ဒရုန်းဖြင့် ဗုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပ.က.ဖ ဇုန် ၄ ၊ မြိတ်ခရိုင်တပ်ရင်း ၁ မြိတ်ခရိုင်တပ်ရင်း ၂ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article