26.9 C
Yangon

နောင်ချိုမြို့နယ် အတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေ

Must read

ရန်ကုန်၊ ဇွန် ၂၅

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း TNLA က ထုတ်ပြန်ထားသည်။

ဇွန်လ ၂၄ ရက်နေ့တွင် နောင်ချိုမြို့နယ်ရှိ နောင်အောရွာ၊ လက်ပန်ကုန်းရွာ၊ ရွှေသွန်းရွာ၊ မျက်ချီးနုရွာ၊ လုံစံရွာ၊ ကုန်းသာရွာ၊ အုမ္မသီးရွာနှင့် ဆမ္မဆယ်ကျေးရွာ အကြား တိုက်ပွဲဖြစ်နေချိန်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးသီး အလုံး ၁၃၀ ၊ ဒရုန်းဖြင့် ဗုံးသီး အလုံး ၆၀ နှင့် လက်နက်ကြီး ၅၃ လုံးဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နောင်အောကျေးရွာတွင် ယမန်နေ့က အကြမ်းဖက် စစ်ကောင်တပ်နှင့် တအာင်းတပ်မတော်-TNLA တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ဆက်လက် ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး ၄၂ လုံး၊ ဒရုန်းဖြင့် ဗုံး ၂၁ လုံးနှင့် လက်နက်ကြီး ၁၇ လုံး တို့ ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ အုမ္မသီးနှင့် ဆမ္မဆယ်ကျေးရွာ အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်းလည်း အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံး ၃၉ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် လုံစံ‌ကျေးရွာ တိုက်ပွဲအတွင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ဗုံး ၄၇ လုံးနှင့် လက်နက်ကြီး ၃၂ လုံးတို့ဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ကျောက်တောကျေးရွာတွင် ဗုံး ၂ လုံး၊‌‌ ရွှေသွန်းကျေးရွာတွင် ဗုံး ၃၈ လုံးနှင့် မျက်ချီးနုကျေးရွာတွင် ဗုံး ၁ လုံးတို့ ကျဲချတိုက်ခိုက်ခဲ့ပြီး အုမ္မခါးကျေးရွာဘက်ကိုလည်း လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန် ၂၃ ရက်နေ့ကလည်း နောင်ချိုမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီး ၁၂၂ လုံးနှင့် လေကြောင်းဖြင့် ဗုံး ၄၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် ထိုးစစ်ဆင်များ ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလကို နောက်ထပ် ၁ လ သက်တမ်းထပ်တိုးထားစဉ် အကြမ်းဖက် စစ်ကောင်စီတပ်က အခွင့်ကောင်းယူပြီး အဆက်မပြတ် ထိုးစစ်ဆင် နေသောကြောင့် နောင်ချိုမြိုနယ်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျှက်ရှိကြောင်း TNLA က ပြောဆိုထားသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ ဗုံးကျဲ တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article