25.7 C
Yangon

ရေဦးမြို့တွင် အမျိုးသမီး ၈ ဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးထားပြီး ပြန်မလွှတ်ပေး

Must read

ရန်ကုန်၊ ဇွန် ၂၆

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်သို့ စျေးဝယ်လာသည့် အမျိုးသမီး ၈ ဦးထက်မနည်းကို အကြမ်းဖက်စစ်သားများက ဖမ်းဆီးကာ လက်ရှိအချိန်အထိ ပြန်လွှတ်မပေးတော့ကြောင်း ရေဦးအနောက်ပိုင်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၂၁ ရက်နေ့ ရေဦးမြို့နယ်အတွင်း ကျေးရွာများမှ ရေဦးမြို့ပေါ်သို့ ဈေးဝယ်လာစဉ် အကြမ်းဖက်စစ်သားများက အကြောင်းမဲ့ ဖမ်းဆီးလိုက်ကြောင်း၊ အခြားနယ်များမှ ပြည်သူများလည်း ဖမ်းဆီးခံထားရပြီး ယနေ့အချိန်အထိပြန်မလွှတ်သေးကြောင်း သိရှိရသည်။

“လက်ရှိအဖမ်းခံထားရတာ အမျိုးသမီး ၈ ဦးထက်မနည်း အဖမ်းခံထားရတယ်။ ငွေညှစ်ချင်တာလည်း ပါတယ်။ အခုလိုတွေ မတရားဖမ်းဆီးပြီး ငွေနဲ့ရွေးထုတ်ရင် ပြန်လွှတ်ပေးတာတွေလည်း ရှိနေတယ်”ဟု ရေဦးအနောက်ပိုင်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်က ရေဦးမြို့ပေါ်သို့ စျေးရောင်းစျေးဝယ်ပြုလုပ်နေကြသည့် ပြည်သူများ ဖမ်းဆီးငွေညှစ်ခြင်းများ လုပ်ဆောင်နေ၍ ပြည်သူများ သွားလာရေး အထူးဂရုစိုက်ရန် ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။

Photo- Reuters ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article