By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁၈ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– ကျန်းမာရေးဝန်ကြီးဌာနမှာရှိတဲ့ ညွှန်ချုပ်၊ ဒုညွှန်ချုပ်နဲ့ ညွှန်ကြားရေးမှူး ရာထူးလို အရေးပါတဲ့ ထိပ်ပိုင်း ရာထူးကြီးတွေကို စစ်တပ် အမျိုးအနွယ်တွေက ရယူ သိမ်းပိုက်ထားတယ်လို့ နေပြည်တော် သတင်းရင်းမြစ်ကပြောပါတယ်။
– ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဝေါ်လေရဲစခန်းမှာ PDF ၉ ဦးချုပ်နှောင်ခံထားရတဲ့အချိန် ကျွေးတဲ့ ထမင်းထဲမှာ လောက်တွေပါ ပါတဲ့အကြောင်း KNDO ရဲ့ ဖမ်းဆီးမှု ခံထားရတဲ့ ရဲ ၅ ဦးက ဝန်ခံထွက် ဆိုလိုက်ကြပါတယ်။
– မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဇွန်လ ၁၆ ရက်နေ့ မနက် ၁ နာရီလောက်မှာ Mandalay Independent Association အဖွဲ့က ရဲဘော် ကိုမင်းသူမောင်မောင် ကို စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့အတွက် ကျဆုံးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။