27.1 C
Yangon

ဧရာ၀တီတိုင်းတွင် AA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေချိန် ရေကြည်နှင့် လေးမျက်နှာ ရှိ ကျေးရွာများကို စစ်တပ်က အကြမ်းဖက် တိုက်ခိုက်မှု ပြည်သူ ၉ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၉ ဦးသေဆုံးပြီး ၂၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း AYA PDF အမှတ်၂၉ ဗျူဟာ က ပြောဆိုသည်။

မေလ ၁၅ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့ထိ ရေကြည်မြို့နယ် အခြေစိုက် အမတ ၃၄၄ တပ်စခန်းနှင့် ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်တို့ရှိ အကြမ်းဖက် စစ်တပ် စခန်းများမှ စစ်ကောင်စီ တပ်သားများက ပြည်သူများနေထိုင်သည့် ကျေးရွာများကို လေယာဉ်၊ ဒရုန်း၊ လေထီး (Paramotor) ၊ လက်နက်ကြီး (မီးလောင်ဗုံး) များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ပစ်ခတ် တိုက်ခိုက်မှု အတွင်း လေးမျက်နှာမြို့နယ်ရှိ လဲခုံကြီးရွာ၊ စောပြာရွာ၊ ဂွေးပင်တောက်ရွာ၊ တုံးတောရွာ၊ ရှမ်းကွင်းရွာနှင့် စေတလုံးတောင်စေတီအောက်ခြေတွင် နေထိုင်သော အသက် ၅၀ နှစ်အရွယ် ဒေါ်ချိုမာဦး၊ အသက် ၅၉ နှစ်အရွယ် ဒေါ်မြင့်မြင့်သန်း၊ အသက် ၇၀ နှစ်အရွယ် ဒေါ်ဇီးကွက်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်ခင်စန်းဝင်း၊ အသက် ၁၀ နှစ်အရွယ် မောင်အောင်ရဲသူ၊ အသက် ၁၇ နှစ်အရွယ် မောင်ချစ်ကိုကို၊ အသက် ၈၅ နှစ်အရွယ် ဦးချစ်၊ အသက် ၂၇ နှစ်အရွယ် ဦး‌ကျော်ဇင်ထက်နှင့် အသက် ၂၀ နှစ်အရွယ် ကိုဖြိုးကြီးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု အတွင်း လေးမျက်နှာမြို့နယ်နှင့် ရေကြည်မြို့နယ်ရှိ ကွင်းကြီးကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာ အုပ်စု၊ ဝက်ကုန်းကျေးရွာအုပ်စုနှင့် ချင်းလယ်ကျေးရွာအုပ်စုတို့မှ ပြည်သူ ၂၀ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းအတွင်း တော်လှန်ရေး တပ်ဖွဲ့များက တိုက်ပွဲများ တိုးချဲ့လာသည်နှင့်အမျှ စစ်ရေးအရ ရှုံးနိမ့်နေသော အကြမ်းဖက် စစ်ကောင်စီတပ်သည် သူရဲဘောဆန်စွာ အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ နေ့စဉ်နှင့်အမျှ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီ၏ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်များကြောင့် အသက်အိုးအိမ် ပျက်စီးဆုံးရှုံးခဲ့ရသော ပြည်သူလူထုများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး ပြည်သူ လူထုအပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သော အကြမ်းဖက်စစ်ကောင်စီအပေါ် အပြင်းထန်ဆုံးလက်တုံ့ပြန် သွားမည်ဖြစ်ကြောင်း AYA PDF အမှတ်၂၉ ဗျူဟာ က ပြောဆိုထားသည်။

“ထုတ်ပြန်​ထားချက်အတိုင်းပါပဲခင်ဗျ ။အင်တာဗျူးဖြေကြားဖို့ သဘောထားမှတ်ချက်ပေးဖို့ မရှိသေး​ပါဘူးခင်ဗျ” ဟု AYA PDF အမှတ်၂၉ ဗျူဟာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော ဧရာ၀တီတိုင်းအတွင်းတွင် AA က စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေပြီး တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း အာရက္ခတပ်တော် AA က တရားဝင်သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ထားသော AA တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article