30.7 C
Yangon

ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတစ်နေရာတွင် ကင်းပုန်းယူရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၃

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတစ်နေရာတွင် ကင်းပုန်းယူရန်ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံး ခဲ့ကြောင်း Burma Liberation Democratic Front – BLDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတစ်နေရာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ကင်းပုန်းယူရန်ထွက်ကြောင်း သိရသည်။

ထိုသို့ ကင်းပုန်းယူရင် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (စစ်ဒေသ – ၃)၊သလ္လာဝတီစစ်ကြောင်း – အညာမိုင်းတပ်ခွဲမှ တော်လှန်ရေး ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ခင်မွန်ကျေးရွာ တစ်နေရာမှာ မြပုလဲခွေးခြံကနေ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီး ကင်းပုန်းယူဖို့ ထွက်လာသော စစ်ခွေးတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ စစ်ခွေး ၂ ကောင်​ သေဆုံးတယ်။ ကျနော်တို့ အညာမိုင်းတပ်ခွဲက ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Burma Liberation Democratic Front – BLDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article