25.5 C
Yangon

စစ်မှုထမ်းတပ်သားသစ်များ ထွက်ပြေးခြင်းနှင့် လက်နက်ချလျှင် ကျန်ရစ်သောမိသားစုဆွေမျိုးများ၏ လူမှုစီးပွားဘ၀များ ပျက်စီးလိမ့်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်

Must read

🟥 စစ်မှုထမ်းအပတ်စဉ် ၁၂ သင်တန်းဆင်း တပ်သားသစ်များအားလုံးကို တိုက်ပွဲများအပြင်းထန်ဆုံးဖြစ်နေသော ရခိုင်၊ ရှမ်း/မြောက်၊ ကရင်နီ၊ ကရင်၊ စစ်ကိုင်း/ချင်းနှင့် ကချင် စစ်ဆင်ရေး နယ်မြေများသို့ အဓိက စေလွှတ်မည်

ရန်ကုန်၊ ဇူလိုင် ၆

အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်များအနေဖြင့် တပ်မှ ထွက်ပြေးခြင်းနှင့် တစ်ဖက်အဖွဲ့အစည်းထံတွင် လက်နက်ချခြင်းများ လုပ်ဆောင်လျှင် ကျန်ရစ်သော မိသားစုဆွေမျိုးများ၏ လူမှုစီးပွားဘ၀များ ပျက်စီးလိမ့်မည်ဟု ခြိမ်းခြောက်လာကြောင်း စစ်မှုထမ်းတပ်သား သစ်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့ စစ်မှုထမ်း အပတ်စဉ် ၁၂ သင်တန်းဆင်းပွဲများတွင် စစ်ကောင်စီတပ်မှ အရာရှိများက တပ် သားသစ်များကို ထိုသို့ ပြောဆို ခြိမ်းခြောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီက စစ်မှုထမ်းတပ်သားသစ်များကို သင်တန်းဆင်းပွဲများတွင် အမှာစကားပြောဆိုရာတွင် စစ်မှုထမ်းတပ်သား သစ်များအနေဖြင့် “ရဲရဲတိုက်၊ ရဲရဲတက်၊ ရဲရဲချေမှုန်း” ရမည်ဖြစ်ပြီး ရလဒ်ကောင်းများ ရရှိပါက နိုင်ငံ တော်က အခွင့်အလမ်းနှင့် ဘ၀နောင်ရေးအတွက် စိတ်မပူရရေး စီမံပေးမည်ဖြစ်ကြောင်း၊ ထွက်ပြေးခြင်းနှင့် တစ်ဖက်အဖွဲ့များထံသို့ လက်နက်ချ ပူးပေါင်းခြင်းများ မပြုလုပ်ကြရန်၊ ထိုသို့ လုပ်ဆောင်လျှင် မိမိ၏ဘ၀ တစ် သက်တာလုံး စစ်ပြေးဘ၀ဖြင့် နေထိုင်ရမည်ဖြစ်ပြီး မိမိကြောင့် မိမိ၏ မိသားစုဂုဏ်သိက္ခာလူမှုစီးပွားဘ၀ ပျက် စီး လိမ့်မည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရှိရသည်။

” စစ်မှုထမ်းရမယ့် ၂ နှစ်တာကာလကို ဂုဏ်သိက္ခာရှိရှိဖြတ်သန်းပြီး နိုင်ငံတော်အတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ပါ။ ထွက်ပြေးရင် လက်နက်ချရင် တစ်သက်လုံးဂုဏ်သိက္ခာမရှိတဲ့ စစ်ပြေးဖြစ်မယ်ပေါ့။ ကျန်ရစ်တဲ့ မိသား စုရဲ့ လူမှုစီးပွားဘ၀တွေလည်း ပျက်စီးသွားမယ်။ ကျန်ရစ်မယ့်သူတွေငဲ့ပါဆိုတာမျိုး ပြောပါတယ်” ဟု တိုက်ကြီးမြို့နယ်ရှိ အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(ဂျိုးဖြူ)မှ အပတ်စဉ် ၁၂ သင်တန်းဆင်းတပ်သားသစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း သင်တန်းဆင်းသွားသော စစ်မှုထမ်းအပတ်စဉ် ၁၂ သင်တန်းမှ တပ်သားသစ်များကို တိုက်ပွဲများ အပြင်းထန်ဆုံးဖြစ်ပွားနေသော ရခိုင်၊ ရှမ်း/မြောက်၊ ကရင်နီ၊ ကရင်၊ စစ်ကိုင်း/မကွေးနှင့် ကချင်စစ်ဆင်ရေး နယ်မြေများသို့ ဦးစားပေးစေလွှတ်မည်ဟု အသိပေးလာကြောင်း စစ်မှုထမ်းတပ်သား သစ်အသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့ တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းသင်တန်းကျောင်းများတွင် အပတ်စဉ် ၁၂ ဆင်း သင်တန်းဆင်းပွဲများ ပြုလုပ်ခဲ့ပြီး ယနေ့ ဇူလိုင်လ ၆ ရက်နေ့မှစတင်၍ သင်တန်းဆင်း တပ်သားသစ်များအားလုံးကို တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသောစစ်ဆင်ရေး နယ်မြေအဓိက ဦးစားပေး စေလွှတ်မည်ဟု စစ်ကောင်စီက သင်တန်း ဆင်းဂုဏ်ပြု ညစာစားပွဲတွင် အသိပေးလာကြောင်း သိရှိရသည်။

“အပတ်စဉ် ၁၂ သင်တန်းဆင်းတွေအားလုံး မပခ(ကချင်)၊ နမခ(စစ်ကိုင်း/ချင်း)၊ နပခ(ရခိုင်)၊ ရပခ(ကယား)၊ ရမခ (ရှမ်း/မြောက်) တွေကို အဓိက စေလွှတ်မယ်လို့ ပြောတယ်။ စပြီး လွှတ်မှာက ဇူလိုင်လ ၆ ရက်နေ့ လွှတ်မယ်လို့ ပြောတယ်။ ဘယ်သူက ဘယ်စစ်ဆင်ရေးနေရာဆိုတာ အသိမပေးသေးဘူး။ ဖုန်းတွေဘာတွေ သိမ်းတာမျိုးတော့ လောလော ဆယ် မရှိသေးဘူး။ မိသားစုကို အဆက်အသွယ်လုပ်လို့ရနေသေးတယ်” ဟု တိုက်ကြီး၊ အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(ဂျိုးဖြူ)မှ အပတ်စဉ် ၁၂ သင်တန်းဆင်းတပ်သားသစ်က ဆက်လက်ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့ သင်တန်းဆင်းသွားသည့် အပတ်စဉ် ၁၂ စစ်မှုထမ်းတပ်သားသစ်များအားလုံးသည် ရှေ့တန်းစစ်မြေပြင်များသို့သာ စေလွှတ်မည်ဖြစ်ပြီး လက်ရုံးတပ်များနှင့် မြို့ပြ လုံခြုံရေးအတွက် ပို့ဆောင်မှုမရှိကြောင်းဟု တပ်အရာရှိများက စစ်မှုထမ်းတပ်သားသစ်များကို အသိပေးကြောင်း သိရှိရသည်။

လတ်တလော ကျောက်ဖြူ၊ ဖားကန့်၊ ဗန်းမော်၊ ပဲခူးရိုးမ၊ မိုးဗြဲ၊ နောင်ချို၊ ချင်း၊ မကွေးတိုင်း၊ ငဖဲ၊ ဧရာ၀တီတိုင်းနှင့်ရခိုင် ပြည်နယ်အစပ်များတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများကို အကြီးအကျယ်ပြုလုပ်လျက်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article