23.9 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ တပ်ကနေ ထွက်ပြေးတာနှင့် တော်လှန် ရေး အဖွဲ့စည်းတွေဆီမှာ လက်နက်ချတာတွေ လုပ်ရင် ကျန်ခဲ့တဲ့ မိသားစုဆွေမျိုးတွေရဲ့ လူမှုစီးပွားဘ၀တွေ ပျက်စီးလိမ့်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုလာတယ်လို့ စစ်မှုထမ်းတပ်သား သစ်အသိုင်းအ၀ိုင်းက ရန်ကုန် ခေတ်သစ်ကို ပြောပါ တယ်။

မကွေးတိုင်းဘက်ကသတင်းမှာတော့ အထက်မင်းလှမြို့နယ်၊ ပုသိမ် -မုံရွာလမ်းပိုင်းနှင့်အမ်း -ပဒါန်းလမ်း ပိုင်း တွေမှာ ၈ ပတ် တိုက်ပွဲအတွင်း စစ်သား ၂၅ ဦး ထက်မနည်းသေဆုံးကာ စစ်တပ်ကလေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက် တာကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့ လွတ်လပ်ရေးတပ်တော် (ΡΙΟ/ΡΙΑ) တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

စစ်ကိုင်းမြို့နယ် စစ်ကိုင်း-ရွှေဘို လမ်းပိုင်းမှာ စစ်သား အချင်းချင်း မူးရူး ရန်ဖြစ်ရာကနေ ပစ်ခတ်မှု ဖြစ်ပွားပြီး ၁ ဦး သေဆုံးကာ ပစ်ခတ်မှု ဖြစ်ပွားတဲ့ နေရာကို နယ်မြေရှင်းလင်းရေး ပြုလုပ်ချိန် သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article