31 C
Yangon

ဖယ်ခုံနှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ကြို့ပင်ကောက်ရှိ ညောင်ပင်အိုင်ကျေးရွာ မူလတန်းကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၆

ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ် အစပ် ဖယ်ခုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း စစ်ဘေးရှောင် အရေးကူညီနေသူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဖယ်ခုံမြို့နယ် အနောက်မြောက်ခြမ်းရှိ ခေါင်းအိရွာအနီးကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဒီနေ့ နံနက် ၁၁ နာရီကျော်မှာ ဖယ်ခုံမြို့နယ်အနောက်မြောက်ခြမ်း ခေါင်းအိရွာ အနီးနားကို ကျဲချနေတာ လေယာဉ် နဲ့ ဗုံးကျဲချ သွားတာ ပြည်သူတွေထိခိုက်မှုရှိမရှိတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသတွင်း စစ်ဘေးရှောင် အရေးကူညီနေသူများက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၂ စီးက ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ညောင်ပင်အိုင်ကျေးရွာ မူလတန်းကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့ နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ဝိုင်းအုက်စုဝိုင်းကျေးရွာတွင် တပ်စွဲနေထိုင်သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကြို့ပင်ကောက်မြို့နယ်၊ ညောင်ပင်အိုင်ကျေးရွာ မူလတန်းကျောင်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article