ဒီကနေ့ ဇူလိုင် ၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
တနင်္သာရီတိုင်းက ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ သုခ တပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သားအများစုကတော့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားကြပြန်သလို ၊ နောက်ဆုံးကျန်တဲ့ စစ်တပ်စခန်း ၁ ခုကိုပါ တော်လှန်ရေး တပ်တွေက ထပ်မံပိတ်ဆို့ထားပြီဖြစ်တယ်လို့ PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
-စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်က ဟင်္သာကြီးကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း ၂၈ ဦးကတော့ အသီးသီး သေကုန်ကြပြီး ကျန်တဲ့စစ်သားတွေအကုန်လုံးထွက်ပြေးသွားသလို လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိထားတယ်လို့ ရေဦးမြို့ နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ရန်ကုန်မြို့က သာကေတမြို့နယ်မှာ စစ်မှုထမ်းရမယ့် လူငယ်တွေအနေနဲ့ ပြည်ပနဲ့ရပ်ဝေး ရောက်နေ ရင် လူစားထိုးပေးရမယ်ဆိုပြီး မိဘဆွေမျိုးတွေကို အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မြို့နယ် ဥက္ကဋ္ဌ ကျော်သူက ခြိမ်းခြောက်နေပြီး ၊ လူမိုက်တွေကိုပါ လက်သပ်မွေးထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
