26.8 C
Yangon

အကြမ်းဖက် စစ်ကောင်စီက ထိန်းချုပ်ထားသော Facebook Page များကို အမြန်ဆုံး အရေးယူ ပိတ်ပင်ပေးရန် Meta သို့ စာပေးပို့

Must read

ရန်ကုန်၊ ဇူလိုင် ၉

အကြမ်းဖက် စစ်ကာင်စီ ထိန်းချုပ်ထားသော Facebook Page များကို Meta က ပိတ်ပင်ရန် ကျန်ရှိနေသေး၍ အမြန်ဆုံး အရေးယူပေးရန် Meta ၏ ကမ္ဘာလုံးဆိုင်ရာရေးရာဥက္ကဋ္ဌ Joel Kaplan ထံ စာပေးပို့ခဲ့ကြောင်း Defend Myanmar Democracy အဖွဲ့က ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ်တွင် Facebook ၏ မိခင်ကုမ္ပဏီ Meta သည် အကြမ်းဖက် စစ်အုပ်စုကို ၎င်းတို့၏ပလက်ဖောင်းများမှ ပိတ်ပင်မည်ဟု ကတိပြုခဲ့သော်လည်း စစ်ကောင်စီ ထိန်းချုပ် ထားသော Facebook Page များ ပိတ်ပင်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

ထိုသို့ ပိတ်ပင်ရန် ကျန်ရှိနေခြင်းကြောင့် အကြမ်းဖက် စစ်အုပ်စု၏ Facebook Page များသည် ဝါဒ ဖြန့်ဝေခြင်းများ လုပ်ဆောင်နေပြီး တရားဝင်မှုများပေးခြင်းနှင့် အကြမ်းဖက် စစ်အုပ်စုကို အထောက်အပံ့များ ကူညီပေးခြင်းတို့ကို ဆက်လက် လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက် စစ်ကာင်စီထိန်းချုပ် ထားသော Facebook page များဖြစ်သည့် Ministry of Foreign Affairs Myanmar , Ministry of Hotels and Tourism , ACC Myanmar , Ministry of Natural Resources and Environmental Conservattion – Forestry , MONREC – Mining Sector Myanmar , Ministry of Corporatives and Rural Development , Naypyitaw Development Committe NPTDC Webportal တို့ကို ပိတ်ပင်ရန် ကျန်ရှိနေကြောင်း Defend Myanmar Democracy အဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article