ရန်ကုန်၊ ဇူလိုင် ၁၀
ပဲခူးတိုင်း၊ တောင်ငူမြို့၊ ၄ မိုင်ရှိ ခလရ ၃၉ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်အရာရှိ ၂ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံးကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် တောင်ငူမြို့ ၊ ၄ မိုင်ရှိ စစ်ကောင်စီ၏ ခလရ ၃၉ တ်ပရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဒုံး ၃ လုံးမှာ တပ်ရင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၊ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်အရာရှိ ၂ ဦး အပါအဝင် စစ်သား ၅ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း၊ ထို့ပြင် တပ်ရင်းရိက္ခာဂိုဒေါင်၊ စက်ပစ္စည်းဂိုဒေါင်နှင့် တပ်ရင်း လူပျိုဘားတိုက်များ မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့သော ခလရ ၃၉ တပ်ရင်းမှာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) လက်အောက်ထံတပ်ရင်းတစ်ခုဖြစ်ပြီး နယ်မြေတွင်း တော်လှန်ရေးလှုပ်ရှားမှုများ အတွက် အဟန့်အတားဖြစ်နေစေသော ရန်သူတပ်စခန်းတစ်ခုဖြစ်နေ သောကြောင့် KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ ၏ နယ်မြေ စစ်ရေးလိုအပ်ချက်အရ မဟာမိတ်အဖွဲ့များက ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ ခလရ ၃၉ ကို တိုက်ခိုက်သည့် ဇူလိုင်လ ၈ ရက် တစ်နေ့တည်းတွင်ပင် BWM နှင့် တော်လှန် ရေးမဟာမိတ်အဖွဲ့များက တောင်ငူ (ကေတုမတီ) လေတပ်ကိုလည်း ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
စစ်ဆင်ရေး တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့က KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ နှင့် ပူးပေါင်း၍ မဟာမိတ်အဖွဲ့ များဖြစ်သည့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ၊ Anti-Coup People’s Liberation Force (ACPLF) ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
ဓာတ်ပုံ – တောင်ငူ ခလရ ၃၉ တွင် ရှေ့တန်းပြန်စစ်သားများကို ကြိုဆိုပွဲတွင် ရဲမေများက လာရောက် ကြိုဆိုကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
