24.6 C
Yangon

ဝက်လက် ရေလည်မော်ရွာကို စစ်တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ထပ်မံ လာရောက် ပစ်ခတ်၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရေလည်မော်ရွာကို အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ထပ်မံ လာရောက် ပစ်ခတ်၍ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ရေလည်မော်ရွာကို တံတားဦး လေတပ်မှ တက်လာသည့် J-Fighter ၁ စီး က ပေါင် ၁၀၀ ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့် ၁ ကြိမ် ပစ်ခတ် ခဲ့ပြီးနောက် မွန်းလွဲ ၁ နာရီကျော်ခန့်တွင် Mi-35 ရဟတ်ယာဉ်ဖြင့် ထပ်မံ လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ပထမ အကြိမ် လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၅၀ ကျော်အရွယ် ပြည်သူ ၁ ဦးနှင့် ဒဏ်ရာရရှိသူများထဲမှ ပြည်သူ ၁ ဦး ထပ်မံ သေဆုံးခဲ့ပြီး ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ထိခိုက် ဒဏ်ရာရရှိသူ ၈ ဦးမှာ အသက် ၁၄ နှစ်အရွယ် ကိုပြည့်ဖြိုးခန့်၊ အသက် ၇ နှစ်အရွယ် သွန်းစုခိုင်ထက် ၊ ကြည်ဇင်လင်း၊ အသက် ၉ နှစ်အရွယ် ထက်ဦးယံ၊ အသက် ၃၅ နှစ်အရွယ် ဦးသန်းဦး၊ အသက် ၄၁ နှစ်အရွယ် ဦးခင်မောင်ဆွေ ၊ အသက် ၃၃ နှစ် အရွယ် ကိုနေထက်လင်း၊ အသက် ၂၂ နှစ်အရွယ် မတုံတုံ တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့ နံနက် ၉ နာရီလောက်မှာ ဝက်လက်မြို့နယ်၊ အရှေ့ခြမ်း ရေလည်မော်ရွာကို တံတားဦးက တက်လာတဲ့ J-Fighter ၁ စီးနဲ့ ၄ ကြိမ် ဗုံးကျဲ သွားတယ်။ အသက် ၅၀ ကျော်အရွယ် ပြည်သူ ၁ ဦးနဲ့ နောက်ထပ် ပြည်သူ ၁ ဦး ထပ်မံ သေဆုံးသွားတယ်။ ပြည်သူ ၇ ဦးလည်း ထိခိုက် ဒဏ်ရာရတယ်။ နောက်တစ်ကြိမ် ထပ်လာပစ်တာက Mi-35 ရဟတ်ယာဉ်နဲ့ ရွာလုံးကျွတ် ထွက်ပြေးနေတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article