ဒီကနေ့ ဇူလိုင် ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အမေရိကန်သမ္မတ ထရမ့်ဆီ ပြန်ကြားစာကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ် တိုင် မြန်မာဘာသာနဲ့ ရေးသားခဲ့ပြီး အမေရိကန်နှင့် အဆင်ပြေဖို့ စစ်ခေါင်းဆောင် ဆန္ဒထက်သန်နေတယ်လို့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာရှိတဲ့ ကျေးရွာတွေက အုပ်ချုပ်ရေးမှူးတွေဟာ ပြည်သူတွေကို ကြံ့ဖွတ်ပါတီကို ဝင်ရောက်ဖို့ ဖိအားပေး ခြိမ်းခြောက်နေတယ်လို့ ဒေသပြည်သူတွေက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။
ရန်ကုန်တိုင်းသာကေတမြို့နယ်မှာ အသက် ၂၅ နှစ်အရွယ် စိတ်ကျန်းမာရေး မကောင်းသူ မောင်သက်တင် ကို သာကေတမြို့နယ် ၄ တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး မင်းမင်းနှင့် အဖွဲ့က စစ်မှုထမ်း အဖြစ် ရိုက်နှက်ဖမ်းဆီးပြီး တပ်ထဲကို ပို့ဆောင်လိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
