26.7 C
Yangon

မင်းတုန်းမြို့နယ်၊ ကျောက်တိုင်တိုက်နယ်ဆေးရုံတွင် တပ်စွဲထားသော စစ်တပ်ကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၁၃

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမကြီးဘေး၊ ကျောက်တိုင်ကျေးရွာရှိ တိုက်နယ်ဆေးရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် စစ်သား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၂ မိနစ်အချိန် မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမကြီးဘေး၊ကျောက် တိုင်ကျေးရွာ တိုက်နယ်ဆေးရုံတွင် အင်အား ၃၅ ဦးခန့်ဖြင့် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်ရေး ဒရုန်း ဖြင့် ၆၀ မမ လက်လုပ်ဗုံး ၂ လုံး ကျဲချခဲ့ကြောင်း၊ ယင်းနောက် ယင်းနေ့ မွန်းလွဲ ၁ နာရီ ၅၀ မိနစ် တွင် လည်း ၆၀ မမ လက်လုပ်ဗုံး ၂ လုံး ထပ်မံ ကျဲချခဲ့ကြောင်း၊ ဒရုန်းဖြင့် ကျဲချခဲ့သော ဗုံး ၄ လုံးမှာ ပစ်မှတ်အတွင်း သို့ ကျ ရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီအရာရှိအပါအဝင် စစ်သား ၅ ဦးနှင့်အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“ဆေးရုံမှာ တပ်စွဲထားတာတွေက သရက် ကပစ ၁၂ က ဖြစ်ပါတယ်၊ အရာရှိနေတဲ့ အဆောင်နဲ့ ဆက် သွယ်ရေးမြောင်းနဲ့ ဆက်သွယ်ထားတဲ့ ဘန်ကာတွေကို အဓိကချခဲ့တာ၊ သေဆုံးမှုသတင်းတော့ ထပ် ရတာမရှိပါဘူး။ ဆေးရုံမှာက ပြည်သူတွေဆေးဝါးကုသခွင့်မပေးတော့ဘူး၊ သူတို့တပ်စွဲထားတာက ၂၀၂၄ ၈ လပိုင်းမိုးတွင်းကာလလောက်ကတည်းက တပ်စွဲခဲ့တာဆိုတော့ ၁ နှစ်ဝန်းကျင်လောက်ရှိ သွားပြီး၊ အဲဒီဆေးရုံရဲ့မြောက်ဘက်ကပ်လျက်က ကျောက်တိုင်ရဲစခန်းပါ၊ သူတို့က အဲဒီရဲစခန်းမှာ မနေရဲတော့လို့ အဲဒီဆေးရုံထဲမှာ ဆက်သွယ်ရေးမြောင်းတွေ၊ ဘန်ကာတွေအခိုင်အမာဆောက်ပြီး တပ်စွဲနေတာပါ၊ အရာရှိ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး ဦးဆောင်နေတာပါ၊” သရက်ခရိုင် အမှတ် ၄ တပ်ရင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊ သရက်ခရိုင်အမှတ် – ၄ တပ်ရင်းမှ တပ်ခွဲ-၁ ခွဲမူး ဦးဆောင်သော Drone တပ်စိပ် နှင့် မင်းတုန်းမြိုနယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် တိုက်ပွဲများနှင့်စစ်ဆင်ရေးများအပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း နှင့် ခရီးသွားပြည်သူများကို အစစ်အဆေးများ ပိုမိုလုပ်ဆောင်နေသောကြောင့် သတိထားသွားလာကြပါရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးတိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article