ဒီကနေ့ ဇူလိုင် ၁၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-စစ်ကောင်စီက သက်ရှိစည်းရိုးဆိုပြီး ဝါဒဖြန့်ခဲ့တဲ့ ထိုင်း မြန်မာ နယ်စပ် အနီးမှာရှိတဲ့ ဥကရစ်ထစခန်းကို မနေ့က နေ့လယ် ၁၂ နာရီဝန်းကျင်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ တယ်လို့ ကရင်စစ်သတင်းရင်းမြစ် က ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
-မန္တလေးတိုင်း၊ မလှိုင်မြို့ အထွက် လမ်းတွေကို အကြမ်းဖက် စစ်တပ်က ပိတ်ဆို့ပြီး လူငယ် ၁၀၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ မလှိုင်မြို့ လူထုသတင်း ကွန်ယက်ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်ကိုပြောပါတယ်။
နေပြည်တော် သာဝတ္ထိမြို့ ရဲစခန်းကို ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာမှာ စခန်းဝင်း အတွင်း ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိနိုင်တဲ့သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
