26 C
Yangon

ထီးလင်းမြို့တွင် လုံခြုံရေးဆိုင်ရာ စစ်ကောင်စီအရာရှိများ အပြောင်းအလဲလုပ်

Must read

ရန်ကုန်၊ ဇူလိုင် ၁၈

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် တာဝန်ကျနေသော ဗိုလ်မှူး ထင်လင်းအစား ဗိုလ်မှူး အောင် ကျော်သူ ကို အပြောင်းလဲခန့်အပ်လိုက်ကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၅ ရက် ညနေ ၃ နာရီကျော်က ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ တက်လာသော Mi 17 ထောက်ပို့ ရဟတ်ယာဉ် တစ်စီးသည် ထီးလင်းမြို့သို့ ဆင်းသက်ကာ ထီးလင်းမြို့အထိုင်စခန်း၌ တာ ဝန်ကျနေသော ဗိုလ်မှူး ထင်လင်းအစား ဗိုလ်မှူး အောင်ကျော်သူကို အစားထိုးကာ ပြောင်းလဲသွား ခြင်းဖြစ်ကြောင်း၊ ထို့အပြင် စစ်လက်နက်၊ ရိက္ခာများလည်း ဖြည့်တင်းထားခဲ့ကြောင်း သိရသည်။

“ဗိုလ်မှူးထင်လင်းက ထီးလင်းမြို့နယ်မှာ အကြီးဆုံးပေါ့၊ သူရောက်လာတာလည်း သိပ်မကြာသေး ဘူး။ ဧပြီလထဲမှာရောက်လာတာ၊ ဒီအရင်က ဗိုလ်မှူး အဆင့်မရှိဘူး။ ဗိုလ်ကြီး ၄ ဦးပဲရှိတာ၊ ဗိုလ်ကြီး ရဲရင့်အောင် တိုက်ပွဲမှာကျသွားတာ၊ အဲဒါပြီးမှ သူရောက်လာတာ၊ သူလာတုန်းကတော့ မုံရွာ နမခကနေ ရဟတ်ယာဉ်နဲ့ လာတာ၊ အခုအသစ်ရောက်လာတာက ဗိုလ်မှူးအောင်ကျော်သူပေါ့၊” ဟု ယောအလင်းတန်းမှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထီးလင်းမြို့ပေါ်တွင် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ရှိပြီး ဗိုလ်မှူးအဆင့်သာ အကြီးဆုံး ဖြစ်ကြောင်း၊ ထောက်ပို့ရဟတ်ယာဉ် ပြန်လည်ထွက်ခွာသွားစဉ် ဗိုလ်မှူး ထင်လင်းနှင့်အတူ ဒဏ်ရာရ စစ်သား ၂ ဦးပါ လိုက်ပါသွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article