မန္တလေးတိုင်း၊ တောင်သာမြို့ စီးပွားရေးဘဏ်ရှိ အကြမ်းဖက် စစ်တပ် ဘန်ကာဂိတ်ကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ရာ ရဲ ၁ ဦး သေဆုံးခဲ့ကြောင်း Taung Tha People Defense Force တပ်ဖွဲ့က ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့ နာရီစင် အနီး စီးပွားရေးဘဏ်စောင့် စစ်တပ် ဂိတ်ကို တော်လှန်ရေး ရဲဘော်များကို လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း ရဲ ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
