24.9 C
Yangon

မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်နှင့် နိုင်ဖြိုးကျော်တို့ ပူးပေါင်းတင်သွင်းနေသော တရုတ် EV Leapmotor က မြန်မာနိုင်ငံတွင် EV ကားများကို အစအဆုံး ထုတ်လုပ်မည့် စက်ရုံတည်ဆောက်မည်

Must read

ရန်ကုန်၊ ဇူလိုင် ၈

မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်နှင့် နိုင်ဖြိုးကျော်တို့ ပူးပေါင်းတင်သွင်းနေသော တရုတ် EV Leapmotor က မြန်မာနိုင်ငံတွင် လျှပ်စစ် EV ကားများ အစအဆုံး ထုတ်လုပ်မည့် စက်ရုံတည်ဆောက်မည်ဖြစ်ကြောင်း UMCCI သတင်းရင်းမြစ်နှင့် နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တရုတ်နိုင်ငံခရီးစဉ်အတွင်း သမီးဖြစ်သူ ခင်သီရိသက်မွန်နှင့် နိုင်ဖြိုးကျော်တို့ ပူးပေါင်းတင်သွင်းနေသော တရုတ် EV Leapmotor လျှပ်စစ်ကားစက်ရုံကို သွားရောက်လေ့လာခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် EV ကားများကို တင်သွင်းခြင်းမပြုတော့ဘဲ အစအဆုံး ထုတ်လုပ်နိုင်သည့် စက်ရုံ တည်ဆောက်ရန် အမိန့်ပေးလာကြောင်း၊ အဆိုပါ အမိန့်ပေးချက်နှင့်အညီ တရုတ် Leapmotor EV ကားထုတ်လုပ်ရေးစက်ရုံကို မြန်မာနိုင်ငံတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“EV ကားထုတ်မယ့်စက်ရုံတွေထဲက တရုတ် Leapmotor EV ကားထုတ်စက်ရုံ က ဒီမှာ ပထမဆုံး တည်ဆောက်မယ်လို့ သိရတယ်။ လက်ရှိမှာ တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံရှိပြီးသား။ ပစ္စည်းတွေကို တရုတ်သွင်းပြီး ဒီမှာ တပ်ဆင်တာ။ အခုကတော့ ဒီမှာပဲ အစအဆုံး ထုတ်မယ့် EV ကားစက်ရုံ တည် ဆောက်မှာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မင်းအောင်လှိုင်က တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် ဇွန်လ ၂၃ ရက်နေ့ အစည်းအဝေးတွင်လည်း ကောင်း၊ ဇူလိုင်လ ၇ ရက်နေ့ အစည်းအဝေးတွင်လည်း မြန်မာပြည်တွင်းတွင် EV လျှပ်စစ် ကားများကို အစမှ အဆုံး ထုတ်လုပ်ရန် ၊ EV ကားများနှင့်ပတ်သက်၍ ပြည်ပမှ တင်သွင်းခြင်းအစား ပြည် တွင်း၌ အစမှအဆုံး အလုံးစုံတပ်ဆင်ထုတ်လုပ်ခြင်းများကို ဆောင်ရွက်သွားနိုင်မည်ဆိုပါက အလုပ် အကိုင်အခွင့်အလမ်းများနှင့် နည်းပညာများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ EV ကားများကို ပြည်တွင်း၌ အစမှအဆုံး အောင်မြင်အောင် ထုတ်လုပ်နိုင်မှသာလျှင် ပြည်သူများကုန်ကျစရိတ်သက်သာစွာဖြင့် အရေ အတွက်များများ သုံးစွဲသွားနိုင်မည်ဖြစ်ကြောင်း၊ EV ကားများအား ပြည်တွင်း၌ပင် အစမှအဆုံး အောင် မြင်စွာထုတ်လုပ်နိုင်ရေး အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်နှင့် နိုင်ဖြိုးကျော်တို့က Leapmotor EV ကားများကို ၂၀၂၄ ခုနှစ်တွင် တွင်တွင်ကျယ်ကျယ် တင်သွင်းလာခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ မြန်မာနိုင်ငံတွင် Leapmotor EV ကား တပ်ဆင်ထုတ်လုပ်ရန်အတွက် နိုင်ဖြိုးကျော်၏ NPK ကုမ္ပဏီနှင့် တရုတ် Leapmotor တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

ထို့ပြင် မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်နှင့် နိုင်ဖြိုးကျော်တို့ပူးပေါင်းလုပ်ကိုင်နေသော ကုမ္ပဏီက ရန်ကုန်၊ နေပြည်တော် အပါအဝင် မြို့ကြီးများတွင် EV ကား အားသွင်းနိုင်သော Charging Station လုပ်ပိုင်ခွင့်များကိုလည်း ရရှိထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article