29.1 C
Yangon

မြင်းခြံတွင် ပြည်သူများထံမှ ဆက်ကြေးကောက်နေသော စစ်တပ်ကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇူလိုင် ၂၀

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ပြည်သူများထံမှ ဆက်ကြေးကောက်ရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။

ဇူလိုင်လ ၁၇ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ ကုက္ကဲနယ်မြေရဲစခန်းနှင့် ကုက္ကဲ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် အထိုင်ချတပ်စွဲကာ ပြည်သူများထံမှ ဆက်ကြေးကောက်ရန် ထွက်လာသော စစ်ကောင်စီ တပ်သား ၃ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ဆိုင်းကာ ပစ်ခတ်တိုက်ခိုက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA-11 သေနတ် ၂ လက်၊ MA-11 ကျည်ဘောက် ၂ ခု၊ 5.56 ကျည် ၃၉ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ဓား ၂ ချောင်း၊ ဖုန်း ၁ လုံး၊ ငွေသား ၄၀၂၀၀ ကျပ် ၊ လွယ်အိတ် ၁ လုံး၊ နားကြပ် ၁ ခု၊ ပေါ့ ၁ ခု တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်များက စစ်ရေးအရှိန်မြင့် ဆက်လက် ဆောင်ရွက်မည်ဖြစ်သောကြောင့် အကြမ်းဖက် စစ်တပ်နှင့် နီးစပ်ရာနေရာများကို ရှောင်ရှား သွားလာကြရန်နှင့် လေကြောင်း၊ လက်နက်ကြီး အန္တရာယ် ကာကွယ်နိုင်ရန် ဗုံးခိုကျင်းများ တူးထားကြ၍ အထူးသတိပြုနေထိုင်ကြရန် ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က အသိပေးနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article