ဒီကနေ့ ဇူလိုင် ၂၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်အာဏာရှင် စနစ် အမြစ်တွယ်နေသရွေ့ ဖိနှိပ်ခံရတဲ့ဘေးဒုက္ခကနေမလွတ် မြောက်နိုင်တာ ကြောင့် နွေဦးတော်လှန်ရေးကို အဆုံးအထိ သွားကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားပါတယ်။
ပဲခူးတိုင်း၊ မင်းလှမြို့နယ် အတွင်းမှာရှိတဲ့ အကြမ်းဖက် စစ်တပ် နေရာနှင့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီ တပ်သား ၈၀ ထက်မနည်း သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တပ်ခွဲမှူး ဗိုလ်ဘက က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
မန္တလေးတိုင်းဘက်ညောင်ဦးမြို့နယ်ဘက်မှာတော့ စစ်တပ် စစ်ကြောင်းနှင့် စဉ့်ကူရဲစခန်းကို တိုက်ခိုက်ခဲ့တာမှာတော့ စဉ့်ကူ စခန်းမှူးအပါအဝင် ၆ ဦးထက်မနည်း သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
